samedi 19 juillet 2008
အလွမ်း .. အဆာမပြေဘူး
ငယ်ငယ်ကတည်းက စွဲလန်းခဲ့ရတဲ့ ချစ်သူလေး မင်းလေးမရှိတော့ပေမဲ့ ....
ကိုယ်ဘယ်လို့မှမေ့မရဘူး ......
သေသောသူကြာရင်မေ့လို့ဆိုပေမဲ့ ..... ကိုယ်လို အစွဲလန်းကြီးတဲ့လူတစ်ယောက်
ဘယ်လိုမေ့လို့ရမှာလဲ ....
ကိုယ့်ရဲ့နောက်ပါတ်ဝန်းကျင်အသစ်က မင်းလေး အကြောင်းကို မေ့စေချင်တာလေ
သူရှိနေလျှက်နဲ့ မင်းလေးကိုလွမ်းတဲ့ ကိုယ့်ကို အပြစ်တင် နေတယ် ......
မင်းလေးရဲ့ ဓါတ်ပုံလေးတွေကို မြင်သာထင်သာတဲ့နေရာမှာ ချိတ်ဆွဲမထားနိုင်တော့ပေမဲ့
ကိုယ့်ရဲ့နှလုံးသားထဲမှာတော့ မင်းလေးပုံကလွဲလို့ ...ဘယ်သူ့ကိုမှနေရာမပေးနိုင်ဘူး ...
မင်းလေးအကြောင်းကို သိတဲ့လူတိုင်းကတော့ မင်းလေးကိုလွမ်းနေတဲ့ကိုယ့်ကို ....
နားလည်ပေးကြပါတယ် သူတို့တောင်လွမ်းနေတာလေ .....
မင်းလေးလောက် ဘယ်သူ့ကိုမှချစ်လို့မရအောင် မင်းလေးကလဲ ချစ်ပြခဲ့တာကိုး ....
မင်းလေးရဲ့ အားလုံးအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ မေတ္တာတွေကလဲ ....
ဘယ်သူမှ မင်းလေးလောက် ( ဘယ်လိုမှ ဘယ်နေရာမှာမှ နှိုင်းယှဉ်လို့မရအောင် )
မပေးနိုင်ဘူးလေ ....
ကိုယ်ဟာ မင်းလေးရဲ့ကျေးဇူး မကင်းခဲ့ပါဘူး မင်းလေးပြောခဲ့တဲ့စကားတွေက .....
ကိုယ့်ရဲ့ဘ၀မှာ ခွန်အားတွေကိုဖြစ်စေခဲ့တယ်လေ ....
မင်းလေးရဲ့ အပြုအမှုတွေဟာလဲ တစ်ကယ်ကို ရှားပါးတဲ့ ချစ်စရာလေးတွေပါ .....
ဟုတ်တယ် .... အခုလို မိုးတွေရွာနေတဲ့ ဂျူလိုင်လထဲမှာပဲ မင်းကိုယ့်ကို နှုတ်ဆက်သွားတာနော် ...
ဒီမိုးစက်တွေကိုမြင်တိုင်း ဒီအချိန်လေးကိုရောက်တိုင်း မနေ့တစ်နေ့ကလို ....
ဟာတာတာနဲ့ လွမ်းနေတယ် ......
ဟိုတစ်ချိန်တုန်းကတော့ မင်းကိုအားရပါးရလွမ်းလိုက်ရလို့ .... အလွမ်းအဆာပြေသေးတာပေါ့
အခုတော့ မင်းကိုလွမ်းရတာတောင် တိတ်တခိုးလေးလွမ်းနေရတဲ့ ကိုယ့်မှာ .....
အလွမ်းအဆာမပြေပါလားကွယ် .....
ဟိုးတစ်ချိန်တုန်းကတော့ မင်းလေးအမှတ်တရ ကဗျာတွေစာတွေ ရွတ်ဆိုခဲ့သေးတယ်လေ .....
အခုတော့ ကိုယ် ....
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire