dimanche 13 juillet 2008

ယောဓလေ့

လိုတရမောင်းကြီးများ ...
IPB Image
ရွာများတွင် သူကြီးအိမ်များတွင် အချင်းလေးပေ ခန့်အရွယ် မောင်းများရှိသည် ....
အချက်ရေ အနဲအများ အစိတ် အကျဲအလိုက် သင်္ကေတ ထားရှိပါသည် .......
ရွာဆော်ခေါ်သော မောင်းသံ ..... ဆယ်အိမ်မှုးများကိုခေါ်သောမောင်းသံ ...
ရာအိမ်မှုးကိုခေါ်သောမောင်းသံ .... ရွာရှိအရွယ်ရောက်သူများကို ခေါ်သောမောင်းသံ ...
အိမ်ရှိလူကုန် ရရာလက်နှက် ဆွဲကိုင်ထွက်လာရန်မောင်းသံ .... အမျိုးမျိုးရှိပါသည် ...

ကျွန်တော်တို့ ရွာလူကြီးအိမ်တွင် တည်းခိုနေစဉ် .... ထမင်းစားချိန် တွင်မောင်းကြီးကိုတီးရာ ....
ထမင်းဟင်းများကို ဗျက်များနှင့် ထည့်ရွက်လာသောလူများကိုတွေ့ရပါသည် ......

တောင်ပေါ်ဒေသဖြစ်သောကြောင့် ရာသီဥတုအေးပါသည် မေမေက ဆောင်းတွင်းတွင် ...
“ စောင်မပါလျှင် အမေ့ရွာတောင် မသွားနဲ့ဟုမှာပါသည် ” သို့သော် ညနေထမင်းစားပြီးချိန် ....
မောင်းကြီးကိုထုရာ စောင်များကိုရွက်လာသည့် မိန်းကလေးများကိုမြင်ရပါသည် .....

ထို့ကြောင့် ရွာလူကြီးကို ပြောမိပါသည် .... “ ပန်ထြွာဘုရင်မရဲ့ ဗိဿနိုး စည်ကြီးကိုတော့ မသိဘူး
သူကြီးမောင်းကြီးက တံခိုးကြီးတာကတော့ လက်တွေ့ပဲနော် ”

ထမင်းအောက်မှာရှိတယ် ....

ယောအိမ်များမှာ ချည်တံရှည် နှစ်ထပ်အိမ်များဖြစ်သည် ။
အောက်တွင်နွားချည်ရန်နှင့် ပစ္စည်းထားရန်ဖြစ်သည် ။
အပေါ်ထပ်တွင်လူနေသည် ။ မီးဖိုချောင်ရှိသည် ။ ထမင်းကြွေးလျှင် ဘုဉ်းတော်ကြီးများ ဆွမ်းကပ်သော
စားပွဲဝိုင်းများဖြစ်သည် ။“ အိမ်ရှင်သည် ထမင်းလိုလျှင် (လိုက်ပွဲ )အောက်မှာရှိသည် အားမနာနှင့် မှာသည် ”
မြင်ကွင်းတွင်လိုက်ပွဲမတွေ့ ရ အောက်ထပ်သို့ဆင်းယူရမှာလည်း အားနာသည် ။
ထမင်းဝိုင်း သိမ်းတော့မှ စားပွဲအောက်တွင် ကန်တော့ပွဲ ဇလုံနှင့် ထမင်းများကို မြင်ရသည် ။
အပေါ်မှာထားလျှင်မမှိတဲ့လူက လှမ်းယူရန်ခက်ခဲသောကြောင့် လူတိုင်းနှင့်နီးရာ စားပွဲဝိုင်းအောက်မှာထားသည် ။
မသိသောကြောင့် ပထမ ဦးဆုံးအကြိမ်က ထမင်းမ ၀ခဲ့ ..... နောက်တော့ သိသွားသည် ။


ရွာဆော် ....

ရွာ၏သာရေး နာရေးမှန်သမျှ ကိုရွာမှလူများကြားနိုင်အောင် နှိုးဆော်ပေးရသော အလုပ်ကို လုပ်ရပါသည် ။
ရွာကြီးပါက တစ်အိမ်ထောင်လျှင် စပါးတင်းဝက် ၊ ရွာငယ်လျှင် တစ်အိမ်ထောင်တစ်တင်းပေးရပါသည် ။
ရပ်ရွာ အကျိုးလုပ်ဆောင်နေရသောကြောင့် သူ၏ စားဝတ်နေရေးအတွက် ထောက်ပံ့ရခြင်းဖြစ်ပါသည် ။

ကာလသားခေါင်း .....

အရွယ်ရောက်ပြီးသောယောင်္ကျားလေးများ၏ ခေါင်းဆောင်ဖြစ်ပါသည် ။
သူ့ထံတွင်လည်းမောင်းငယ်တစ်လုံးရှိပါသည် ။

ကာလသမီးခေါင်း ....

အရွယ်ရောက်ပြီးသောမိန်းကလေးများ၏ ခေါင်းဆောင်ဖြစ်ပါသည် ။
သူ့ထံတွင်လည်း မောင်းငယ်တစ်လုံးရှိပါသည် ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ