vendredi 18 juillet 2008

သြော် .... ပုရိသ

ကမ္ဘာဦးမှ စပြီး မည်သူက (ကြောင်တောင်တောင်နှင့် ) စည်းကမ်းသက်မှတ်ခဲ့သည်မသိ
မိန်းကလေးများမှစတင်ပြီး ချစ်စကားမပြောရ ...... ထိုစည်းကမ်းချက်ကို ယနေ့ ....
ထက်ထိတိုင် လိုက်နာနေကြသည် ။ ရှားရှားပါးပါး တစ်ယောက်တစ်လေသာ .....
ရဲဝံ့စွာချိုးဖေါက်ရဲသည် .... ယောင်္ကျားလေးများနှင့်တန်းတူအခွင့်အရေး ရယူရန် တိုက်ပွဲဝင်နေသော
အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းများမှလဲ ထိုကိစ္စကို သူတို့ကိုယ်တိုင်လုပ်ပြနေသည်ဟု မည်သည့် သတင်းစာ
ဂျာနယ် တွင်မှာမှ မတွေ့ရ .... ( စွတ်ကျယ်ဂျိုင်းပြက် လိုက်ဝတ်ပါဟု မတိုက်တွန်းလိုပါ ) .....

မိန်းကလေးများသည် သိုသိပ်သည် .... ယောင်္ကျားလေးများလောက်တော့ ပွင့်လင်းမှုမရှိ ....
ထိုကောက်ချက်မှာလည်း မြန်မာနိုင်ငံတွင်ကြီးပြင်းခဲ့ရသော ကျွန်တော်၏ ကောက်ချက်သာဖြစ်ပါသည် ။
အနောက်နိုင်ငံများရှိမိန်းကလေးများသည် မြန်မာမိန်းကလေးများထက်တော့ ပွင့်လင်းသည်ဟုသိရသည် ။

ယောင်္ကျားလေးများမှာ အံ့ဖွယ်သူရဲ သတ္တိကောင်းကြသည် ။ အစဉ်အလာကိုဆန့်ကျင်ရဲသည် ။
အထူးသတ္တိကောင်းသောယောင်္ကျားတစ်ချို့ ကိုယ်ဝန်ဆောင်ကြသည် ....
ယုံကြည်စေရန်ဓါတ်ပုံအထောက်အထားနှင့်ပြထားပါသည် ။

ထိုနေရာတွင် အသိတစ်ခုဝင်လာပါသည် .... သတ္တိနည်းသည်ဟုဆိုသောမိန်းကလေးတိုင်း ....
ကိုယ်ဝန်ဆောင်ရဲပြီး အထူးသတ္တိကောင်းသော ယောင်္ကျားများသာ ကိုယ်ဝန်ဆေင်သောကြောင့် ....
ရဲ့ရင့်ပါသည်ဆိုသောအာဂသတ္တိ ပုရိသ ၏ သတ္တိသည် သတ္တိ နည်းပါသည်ဆိုသော ဣတ္ထိယ ထက်
ပိုမိုသတ္တိမကောင်းနိုင်ပါ .......

မှတ်ချက် ။ ။ ကျွန်တော်လိုလူ့ဂလန့်တစ်ယောက်ကိုမွေးဖွားရဲသော ကျွန်တော့မေမေ၏သတ္တိသည်
....................အကောင်းဆုံးဖြစ်ပါလိမ့်မည် ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ