mardi 29 juillet 2008

အနေကဇာတိသံသာရံ

အနေကဇာတိသံဿာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ၊ ဂဟကာရံ ဂစေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပနံ
ဂဟကာကရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ ၊ သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ၀ိသင်္ခတံ ၊ ၀ိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ ။

ဇာတိ= ပဋိသန္ဓေနေရခြင်းသည်(၀ါ)ပဋိသန္ဓေနေရခြင်းသို့ ပုနပ္ပုနံ= အကြိမ်အကြိမ်အဖန်ဖန် ၊
ဥပဂန္တုံကပ်ရောက်ခြင်းငှာ ၊ ဒုက္ခာ= ဆင်းရဲလှ၏ ။ ဂဟကာရံ= အတ္တဘောတည်းဟူသော
ခန္ဓာအိမ်ကိုပြုပြင်
စီရင်တတ်သော တဏှာယောင်္ကျား လက်သမားကို
ဂဝေသန္တော= ဥာဏ်ဖြင့်ရှာမှီးတော်မူသော ၊
အဟံ= ငါဘုရားသည် ၊
အနေကဇာတိသံသာရံ= များသောအရေအတွက်ရှိသော သံသရာပတ်လုံး ၊ တံဗောဓိဥာဏံ= ထိုသဗ္ဗညုတဥာဏ်ကို ၊ အနိဗ္ဗိသံ= မရနိုင်သည် ၊ ဟုတွာ= ဖြစ်ရွေ့၊ သန္ဓာဝိဿံ= ကျင်လည်ရလေပြီ ၊ ဂဟကာရက= ဟဲ့တဏှာယောက်ျားလက်သမား ၊

ဥာဏံ= သဗ္ဗညုတဥာဏ်ကို ၊ မယာ= ငါဘုရားသည် ၊
ဒိဋ္ဌော= မြင်အပ်သည် ၊ အသိ= ဖြစ်ခဲ့၏ ။ တွံ= သင်တဏှာယောက်ျားလက်သမားသည် ၊
ပုန= နောက်ထပ်တစ်ဖန် ၊ မေ= ငါ၏ ၊ ဂေဟံ= အတ္တဘောတည်းဟူသောအိမ်ကို ၊
နကာဟသိ= မပြုရတော့လတံ္တ့ ၊ သဗ္ဗာ= ခပ်သိမ်းကုန်သော
တေ= သင်တဏှာယောက်ျားလက်သမား၏ ၊
ဖာသုကာ= ကိလေသာတည်းဟူသောအိမ်၏အခြင်တို့ကို ၊ ဘဂ္ဂါ= ချိုးဖဲ့ ဖျက်ဆီးအပ်ကုန်ပြီ ။

ဂဟကူဋံ= အ၀ိဇ္ဇာတည်းဟူသော အိမ်၏အထွတ်ကို ၊ ၀ိသင်္ခတံ= ဖျက်ဆီးအပ်ပြီ ၊ မေ= ငါ၏ ၊ စိတံ္တ= စိတ်သည် ၊ ၀ိသင်္ခါရဂတံ= သင်္ခါရတို့၏ကင်းရာနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့်ရောက်ပြီ အဟံ= ငါသည် ၊တဏှာနံ= တဏှာတို့၏ ၊
ခယံ= ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ၊ အဇ္ဈဂါ= ရတော်မူပြီ ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ