ကင်းပါတ်စပေါ်တွင် ..... စိတ်ကူးနှင့်ဆေးရောင်များကို ရောနှောပြီး .....
နိုင်ငံခြားငွေများစွာရှာနိုင်စွမ်းရှိပါသည် ။ သို့သော် ....
ပညာရှင်တစ်ယောက်ပြောသည့်စကားမှာ “ ဂေါက်သီးရိုက်တာ ပိုက်ဆံရှိတဲ့သူတွေမှရိုက်နိုင်တာဗျာ ဒါပေမဲ့ အဲဒီပစ္စည်းတွေက အားကစား ပစ္စည်းထဲမှာထည့်ထားတော့ အခွန်ငွေသိပ်မပေးရဘူး ကျွန်တော်တို့ ပန်းချီက ဇိမ်ခံပစ္စည်းထဲမှာဆိုတော့ အခွန်ငွေကများတယ်လေ အဲဒီတော့ ပေါပေါသီသီမသုံးနိုင်ဘူးပေါ့ မီးခဲပြာဖုံးလေးတွေ အများကြီးပဲ.... သူတို့မှာ ပစ္စည်းကရှားတော့ ဖြစ်သင့်သလောက်မဖြစ်လာဘူး ”
အနုပညာရှင်၏စိတ်ကူး + စုတ်ချက် = ဒေါ်လာငွေ သို့သော် ထိုညီမျှခြင်းမှာ
လောလောဆယ်အခြေအနေအရ သိပ်မ မှန်နိုင်ပါ ။
ဆင်းရဲသားပေါများသောနိုင်ငံတွင် အနုပညာပစ္စည်းများ ဈေးကွက်ရှားပါမှု နှင့် ကြုံတွေ့နေရသည်မှာ သိပ်တော့မဆန်း တစ်ခါတစ်ရံ နိုင်ငံခြား သံရုံးများမှ ဒေါ်လာငွေ ထိုက်သင့်စွာ ပေးပြီး ၀ယ်ယူသွားသည် များကို ကြားရသောအခါ မုဒိတာပွားမိသည် .....
အင်းလေ ... ဗင်းဆင့်ဗန်ဂိုး တောင်မှ ငတ်တလှည့်ပျက်တလှည့် အနွေးဓါတ်ရဘို့ သူ့ရဲ့ပုံကြမ်းရေးထားတဲ့စက္ကူတွေကို မီးလှုံခဲ့ရသေးတယ် ...... သူရူးလို့သက်မှတ်ခံခဲ့ရသေးတယ် ..... သေပြီးမှသာ သူ့လက်ရာတွေက ရွှေဖြစ်ခဲ့တာ .... အာလူးစားသူ တွေရဲ့ ပြုံးပြတဲ့မျက်နှာကိုသူမမြင်လိုက်ရဘူး ....
ကြယ်ကြွေညတွေရဲ့ သာယာမှုကို သူမသိလိုက် ဘူး ...
အင်းလေ ... လူသေသွားပေမဲ့နာမည် မသေတဲ့ လူ့ရတနာတွေပဲ .... တစ်ချို့ဆိုရင် လူသာမသေသေးတယ် .... နာမည်ကပုတ်စော်နံနေပြီ ....
samedi 19 juillet 2008
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire