dimanche 29 janvier 2012

ကိုယ့်အကြောင်းပြန်စဉ်းစားဘို့ အချိန်ပေးဘို့ မေ့မှာစိုး

သြော် ! ပြောင်းလဲ တတ်တဲ့လောကကြီး ..... ကိုရေးချင်တာလေးတွေရှိရင် ... ရေးဖြစ်ခဲ့တဲ့ ဘလော့စာမျက်နှာလေးတွေ ...... ဘလော့ကို ဖွင့်မရတော့တဲ့အချိန်ကျ .... ကိုယ့်အိမ်ကို ပြန်အိပ်ခွင့်မရတဲ့လူတစ်ယောက်လို ...... ဟိုဟာ လိုနေသလိုလို .... ဒီဟာလိုနေသလိုလိုနဲ့ ....
အခု ပြန်ရေးခွင့်ရပြန်တော့ ...... ကိုယ့်အိပ်ရာ မှာ ကိုယ်ပြန်အိပ်ခွင့်ရတဲ့ လူတစ်ယောက်လို ... ပြန်ပျော်ရပြန်တယ် ... အင်း အချိန်တွေပြောင်း ..... အတွေးတွေပြောင်း .... ခံစားချက်တွေပြောင်းနဲ့ ..... မတည်မြဲတဲ့လောကကြီးထဲမှာ.... တည်မြဲချင်နေကြတဲ့ ဆန္ဒတွေ .... ရေစီးထဲမှာ မျောနေတာတွေ .... ရေစီးကြောင်းကို ဟန့်တာ ချင်တဲ့ သူတွေ ........ ၀ိရောဒိတွေက နေရာတိုင်းမှာ အတူယှဉ်တွဲ ဒွန်တွဲ လွန်ဆွဲ အားပြိုင်နေကြတယ် ဆိုတဲ့ ကျောင်းတုန်းက ဆရာ တစ်ယောက်ရဲ့ စကား က ပိုပြီးတော့လေးနက်လာပြန်ရော ....
အမြဲတမ်း ကိုယ့်ကို ကိုယ် တန်ဘိုးမြင့်လာအောင် ကျိုးစား မယ် ဆိုတဲ့ ဆန္ဒ ရှိတဲ့လူတစ်ယောက် တောင် ဘယ်လောက် တန်ဘိုး မြင့်နိုင်သေးလို့လဲ .... အားနဲချက်တွေ အားသာချက်တွေ လိုအပ်တာတွေကို ဖြည့်ဆည်း နေရင်းနဲ့ မပြည့်စုံနေသေးတဲ့ ဘ၀တွေ .... အင်း .... သူများအကြောင်းကိုစဉ်းစားတာထက် ကိုယ့် ဘ၀အကြောင်း ကို ပြန်စဉ်းစားဘို့ အချိန်ပေးဘို့ရာ မေ့နေပြီလား ..... လိုချင်တဲ့ ဘ၀တစ်ခုကို အချိန်နဲ့ပဲ တိုက်ရိုက် အချိုး ချခံရတော့မှာလား .... ဘယ်နေရာကနေ ဖောက်ထွက်ပြီး ... ....

jeudi 5 août 2010

jeudi 21 août 2008

ဂျပန်နေ့ ခင်းစာထမင်းဗူး များ ၂

ကျွန်တော့သူငယ်ချင်းလေးပို့ပေးတာပါ ....

ပီကင်း အိုလန်ပစ်မှာ စားစရာများ

သူငယ်ချင်းလေး ပို့ပေးတဲ့မေးပါ ....

တရားလို မှ တရား ခံ ဖြစ်သွားခြင်း

ဗုံးတစ်လုံးက ကျွန်တော့ကို ဖြတ်လျှောက်သွားတယ် ။
မြည်ဟီးသံ တစ်ခုနဲ့အတူ ကျွန်တော်တစ်စစီ ဖြစ်သွားတယ် ။
ကွဲအက်နေတဲ့ ကျွန်တော့ရဲ့ နှလုံးသားတစ်စုံက ....
ဖုတ်လှိုက် ဖုတ်လှိုက် နဲ့ပေါ့ ......

ဗုံးတစ်လုံးရဲ့ နာမည် ကို သေချာ ပြန်ကြည့်လိုက်မိတော့မှhttp://tintlwin18.googlepages.com/arg-arrow-deflates-heart-c-207x165-u.gif
“ ချစ်သူလို့ ” တံဆိပ်တပ်ထားတယ် .....

ကွဲသွားတာက ဗုံးမဟုတ်ပဲ ကျွန်တော်ဖြစ်နေပြီး ...
နင်းလျှောက်သွားတာက ဗုံးတစ်လုံးဖြစ်နေတာလေ .....
ဗုံးလေးကတော့ စနက်တံတောင် အရာမယွင်းဘူး ...
သေချာတာကတော့ ဟင်းလင်းပြင်ထဲမှာ ... ဘာမှရှိမနေခြင်းပါပဲ

မောင်စိန်ဝင် ( ပုတီးကုန်း )

mercredi 20 août 2008

“ လူလင်းနို့ ”

ကျွန်တော်ကြားဘူးတယ် ဟိုးတုန်းက ရှေးမြန်မာယောင်္ကျားတွေက
ပေါင်မှာထိုးကွန်း မင်ကြောင် ထိုးတဲ့အလေ့ရှိတယ် ..... အဲဒီခေတ်ကတော့
ထိုးကွန်းမပါတဲ့ယောင်္ကျားလေးဆိုရင် သတ္တိမရှိတဲ့လူလို့သက်မှတ်တာကိုး
အဲဒီတော့ ယောင်္ကျားတိုင်းနီးပါးက ထိုးကွန်းမှင်ကြောင် ပါတယ် .....
အလုပ်လုပ်ပြီဆိုရင်လဲ ခါးတောင်းကိုမြှောင်နေအောင်ကျိုက်လုပ်ကြတာကိုး
http://tintlwin18.googlepages.com/Crow_talks.gif
အဲဒီတုန်းက လူတစ်ယောက်က ထိုးကွန်းထိုးနေရင်းနဲ့ နာလာတော့
ပေါင်တစ်ဖတ်ကို ထိုးကွန်းထိုးပြီးတော့ နောက်တစ်ဖတ်ကို ဆက်မထိုးတော့ဘူး
အဲဒီလိုနဲ့သူကြီးလာတော့ လက္ဘက်ရည်ကြမ်းထိုင်သောက်တယ်ဆိုရင်
အသက်ကြီးတဲ့လူတွေနဲ့ထိုင်သောက်ရင် ထိုးကွင်းမှင်ကြောင်ပါတဲ့ ပေါင်ကိုလှန်ပြီး
ထိုင်သောက်တယ် ( တို့ခေတ်က ယောင်္ကျားတွေကမှ သတ္တိရှိတယ် ပေါ့လေ )
လူငယ်တွေနဲ့ထိုင်သောက်တယ်ဆိုရင် ထိုးကွင်းမပါတဲ့ဘက်ကို လှန်ပြီး ထိုင်တယ်
( ရှေးခေတ်လူတွေအယူသီးတယ် အလကားနေရင်း ကိုယ့်အသားကိုယ်အနာခံတယ် )
ဆိုတဲ့ပုံစံမျိုးလေ အဲလိုလူမျိုးတွေကို ပါတ်ဝန်းကျင်နဲ့သင့်မြတ်အောင်နေတယ်လို့ပဲ
ချီးကျူးရမလား ဒါမှမဟုတ် ကိုယ်ပိုင်ပုံစံပျောက်နေတယ်ပဲပြောရလား .......

ဘော်လုံး ကိုအားပေးကြတဲ့လူတွေမှာလဲ တွေ့နေရတာပဲ .... ချဲဆီးကလပ် ကို
ရုရှားက သူဌေး တစ်ယောက်ဝယ်လိုက်တော့ အင်အားတောင့်တင်းလာတဲ့
ချဲဆီး ဘော်လုံးကလပ် ” ကို ကြိုက်သွားကြတယ် ... အဲဒီအသင်းမှာ ကစားသမား
ဒဏ်ရာများလာပြီးအောင်မြင်မှုနည်း တော့ပိုင်ရှင်နဲ့ နည်းပြ ပြဿနာဖြစ်တယ်
စောစောက အားပေးတယ်ဆိုတဲ့ပရိတ်သက်ကလဲ နည်းပြကို အားပေးတာပါ
ကလပ်ကို မကြိုက်ပါဘူးဖြစ်သွားပြန်ရော ( ကျွန်တော်ပြောချင်တာက လူတစ်ချို့က
အောင်မြင်တဲ့ဘက်ကနေရပ်တည်ချင်တယ် ကျရှုံးတာကို မခံစားနိုင်ကြဘူး ကိုယ်
တိုင်က ဘာကို ကြိုက်တယ်ဆိုတာမဟုတ်ဘူး နိုင်တဲ့ဘက်ကနေပဲ ရပ်တည်ချင်တာ )

ရွာတစ်ရွာမှာ လူတစ်ယောက်ရှိတယ် ထန်းရည် ထွက်နေတဲ့အချိန်မှာ
ထန်းတက်နေတဲ့ ထန်းသမားကို “ ငါ့ကောင်းကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ” ပြောတယ်
ထန်းရည်မ ထွက်တော့တဲ့အချိန် ထန်းသမားထန်းပင်ပေါ်က ပြုတ်ကျတော့
တစ်ခြားလူတစ်ယောက်ကိုသွားပြောတယ် “ မင်းကောင်တော့ ထန်းပင်ပေါ်ကပြုတ်ကျ
သွားတယ် ” တဲ့ ကိုယ် က ပေးဆပ်ရတော့မဲ့အချိန်မှာတော့ကိုယ့်လူမဟုတ်တော့ဘူး ...

ငယ်ငယ်ကဖတ်ဘူးခဲ့တဲ့ပုံပြင်လေးကိုသဘောကျတယ် .... ငှက်တွေနဲ့ ကုန်းနေ သတ္တ၀ါတွေ
တိုက်ခိုက်ကြတယ် ငှက်တွေနိုင်တဲ့အချိန်ရောက်တော့ လင်းနို့ က ပျံလာတယ် အောင်ပွဲခံ
တယ်ပေါ့လေ သူ့မှာလဲ အတောင်ပါတာကိုး .... နောက်တစ်ကြိမ်တိုက်ပွဲဖြစ်တယ် ငှက်တွေ
ရှုံးသွားတယ် အဲဒီအချိန်မှာ လင်းနို့က ပါးစပ်က သွားကိုဖြဲပြတယ် ငှက်တွေမှာ သူ့လိုသွား
မပါဘူး သူငှက်မဟုတ်ဘူးပေါ့ လိုက်ပြီး ကုန်းနေသတ္တ၀ါတွေနဲ့အတူ အောင်ပွဲခံတယ် .....
နှစ်ကြိမ်လုံးမှာ အောင်ပွဲခံတာကို မြင်လို့ ပြောတဲ့လူက ပြောလာတော့ ဘယ်အစုအဖွဲ့ကမှ
သူ့ကိုလက်မခံပဲဝိုင်းပါယ်လိုက်တယ် အဲဒါကြောင့် လင်းနို့တွေက ညဘက်ကျမှ အပြင်ကို
ထွက်ရဲတဲ့ အနေအထားကို ရောက်သွားတယ်တဲ့ ..... ကျွန်တော်ပြောချင်တာက ပါတ်ဝန်း
ကျင်မှာ “ လူလင်းနို့ ” တွေ ရှိနေတယ်ဆိုတာပါပဲ ..... ။
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ