dimanche 13 juillet 2008

ထန်းသမား အတွေး

IPB Image

ထန်းပင်များ သက်တမ်းရင့်လာလေ အပင်မြင့်လာလေ တက်ရသူအတွက် ပင်ပမ်းလေ ......

ထို့ကြောင့်ဖြစ်နိုင်လျှင် .... သက်တမ်းအလွန်ရင့်သောထန်းပင်များကိုမတက်လို .....
သို့သော် ကိုယ့်တွင် ရွေးချယ်စရာအခွင့်အရေးမရှိလျှင် သက်တမ်းရင့်ထန်းပင်များကိုသာ ...
တက်နေရသော ထန်းသမားတစ်ယောက် က သူ့စိတ်ကူးကို ပါးစပ်မှထုတ်ပြောသည် ။
“ ငါသာ ရှင်ဘုရင်ဖြစ်လျှင် ထန်းပင်နိမ့်နိမ့် လေးတွေကိုပဲ ရွေးပြီးတက်မယ် ”......
သူသည် ထန်းတက်သောသူသာဖြစ်ပါသည် တစ်ခြား ဘာကိုမှမလုပ်တက် ရှင်ဘုရင်ဖြစ်ချင်သည်မှာ
ရွေးချယ်ခွင့်ကို လိုချင်သောကြောင့်တမ်းတခြင်း ဖြစ်ပါသည် ။

သနားမိပါသည် သြော် .... ရှင်ဘုရင်ဖြစ်လျှင်တောင် ထမ်းတက်နေဦးမှာတဲ့လား.....

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ