vendredi 4 juillet 2008

ဖိုးချို ..... ခွင့်လွှတ်ပါ

1986 ချောက် ဂျီ တီ အိုင် ရဲ့ နှစ်ပါတ်လည်ညစာစားပွဲမှာ ကျောင်းသားတွေတီးဆိုမဲ့.....
ခေတ်ပေါ်တီးဝိုင်း ..... မှာမဆိုခင် အသံစစ်တာ ဆိုမဲ့သီချင်းကိုစိစစ်တာလုပ်တယ်.......
စိစစ်သူက ဆရာဦးတင်ကို ( နိုင်ငံရေးသိပ္ပံ ) ကဖိုးချိုရဲ့ညှို့မျက်ဝန်းကို ပါယ်ချလိုက်တယ်.....
ကျောင်းသား ။ ။ ဆရာအဲဒီသီချင်းကိုဘာလို့ပါယ်လိုက်တာလဲဆရာ
ဦးတင်ကို ။ ။ မင်းသီချင်းက အရှင့်ဖ၀ါးနုအောက်က ကတီပါဖိနပ်ကလေးဖြစ်ပါရစေ.....
ငါတို့ကျောင်းကယောင်္ကျားလေးတွေအများဆုံးနေတဲ့ကျောင်းကွ.....
ဘယ်လိုမှ ငါလက်မခံနိုင်ဘူး..... တစ်ခြားသီချင်းကိုဆိုပါလား
ကျောင်းသား ။ ။ဟာမလုပ်ပါနဲ့ဆရာရယ် ဒီသီချင်းလေးကိုကြိုက်လွန်းလို့ပါ ...
ဒီသီချင်းကိုမှမဆိုရရင် တစ်ခြားသီချင်းကိုမဆိုချင်တော့ဘူး....
ဦးတင်ကို ။ ။ ဒါဆိုငါသီချင်းစာသားပြောင်းပေးမယ် ဆိုမလား......
ကျောင်းသား ။ ။ ဟုတ်ကဲ့ အဓိပ္ပါယ်နဲ့သံစဉ် ပြောင်းမသွားရင်ဆိုပါ့မယ်....
ဦးတင်ကို ။ ။ မင်းနားနှစ်ဖက် က အပြာရောင်နားကပ်လေးဖြစ်ပါရစေ .....
မင်းအဲဒီအတိုင်း ဆိုရမယ် .....အဲလိုဆိုရင်လက္ခံလား .....
ကျောင်းသား ။ ။ လက္ခံပါတယ်ဆရာ.....

ထိုနှစ်က ဖိုးချို သီချင်းစာသား ကို မည်သူ၏ ခွင့်ပြုချက် ကိုမှမတောင်းခံပဲ .....
စာသားပြောင်းသွားလေသည် ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ