mardi 22 juillet 2008

နင်လားဟဲ့ ... လောကဓံ

IPB Image
လူတိုင်းလူတိုင်း အဆင်မပြေမှုများနှင့် ကြုံရနိုင်ပါသည် .....

ထိုအချိန်များတွင် အတွေး ၀င်ရောက်လာတတ်သည် ......
“ ငါ့မှာ အဆင်မပြေတာတွေနဲ့ကြုံတွေ့ရသည် ..... ငါကုသိုလ်ကံမကောင်းဘူး ”
အမှန်မှာတော့ အားလုံးတွင် သူ့အပူနှင့်သူရှိသည် .... လောကထဲတွင် ရှင်သန်နေသမျှ
လောကဓံတရား ( ၈ ) ပါး၏ အရိုက်အပုတ်ကို ခံကြရမည်သာဖြစ်ပါသည် .....
၁ ။ လာဘ =ပစ္စည်းဥစ္စာရခြင်း .... ........၂ ။ အလာဘ = ပစ္စည်းဥစ္စာမရခြင်း
၃ ။ ယသ = အခြွေအရံ ပေါများခြင်း ..... ၄ ။ အယသ = အခြွေအရံမရှိခြင်း
၅ ။ နိန္ဒာ = အကဲ့ရဲ့ခံရခြင်း .................. ၆ ။ ပသံသာ = အချီးအမွှမ်းခံရခြင်း
၇ ။ သုခံ = ချမ်းသာခြင်း ....................... ၈ ။ ဒုက္ခံ = ဆင်းရဲခြင်း
ထိုအထဲမှ လေးမျိုးကို ဒုက္ခ ဟုမထင် သုခ ဟုပင်ထင်နေသည် ။ အားလုံးသည်ပင် ....
ပူလောင်စေတတ်သောအရာများ ဖြစ်ကြသည် ။ ရရှိနေလျှင်လည်း ဆုံးရှုံးမှာကို
စိုးရိမ်နေရပြန်သည် ။ မရသေးလျှင်လည်း ရဘို့ကြိုးစားနေကြပြန်သည် ။
ထို့ကြောင့် သောက တစ်မျိုးမျိုး ခံစားရလျှင် သင်တစ်ယောက်ထဲ သာမဟုတ်ပါ
အားလုံးသင် ကဲ့သို့ တစ်ခုမဟုတ် တစ်ခု ခံစားနေရ သည် ကို တွေးလိုက်ပါ
သက်သာရာ ရသွားနိုင်ပါသည်

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ