samedi 12 juillet 2008

နို့ဘိုး .....

IPB Image
ယော မြေ ဆိုတာသိလား .... ထီးလင်း ၊ ဂန့်ဂေါ ၊ ကျောက်ထု ၊လောင်းရှည် ၊ဆော ....ဒေသတွေပေါ့
အကြမ်းဖျင်းတော့ .... ပုံတောင် ၊ ပုံညာရဲ့ တစ်ဖက် ကဒေသပေါ့ ....
လူအများစုက ရိုးသားပွင့်လင်း ခင်တတ်တယ် .... သူတို့ရဲ့ဓလေ့တော်တော်များများ က ....
ရှေးမြန်မာတွေရဲ့ပုံစံအတိုင်းပဲလေ .... ဧည့်သည်ကို အရမ်းခင်တတ်တယ် ...
သူများအိမ်ကိုရောက်နေတဲ့ ဧည့်သယ်ကို ကိုယ့်အိမ်လာလည်အောင် ဧည့်သည်ချေးပါဦးဆိုပြီး ...
တစ်ကဲ့ကိုဝတ်ကျေတန်းကျေမဟုတ်ပဲ ..... လှိုက်လှိုက်လှဲလှဲဧည့်ခံတတ်တာ .....
ဧည့်သည် ကအိမ်ရှင်ထက်တစ်ဝါကြီးတယ်ဆိုပြီး အရေးပေးတတ်တာလေ .....
ဧည့်သည် နဲ့ထမင်းအတူစားခဲတယ် .... အဲလိုစားရင် သီးနှံစိုက်ရင်ပေါင်းမျက်ထူတယ်လို့ အယူရှိတယ် ...
ညနေမိုးချုပ်ချုပ် လောက်ကနေပြီး ... အပျိုအိမ်လာလည်တာဆိုပြီး .... တရားဝင်ပိုးပန်းခွင့်ရတဲ့နေရာ .....
( ကားအ၀င်အထွက်များတဲ့နေရာတွေမှာတော့ အဲဒီဓလေ့ပျက်သွားပြီနှမျောစရာပါ )

အဲဒီနယ်မှာ ယောင်္ကျားလေးကို ဖိုးသားလို့ခေါ်ပြီး မိန်းကလေးကို “ အေသား ”လို့ချစ်စနိုးခေါ်ပါတယ် ...
ဘာလေးမွေးလဲမေးရင် မိန်းကလေးမွေးတယ်ဆိုရင် “ငွေမျှော်လေး ”လို့ အပြောင်အပျက်ပြောပါတယ် ...

ပြောချင်တာက အဲဒီဘက်က မိန်းကလေးကို တောင်းရမ်းလက်ထပ်ရင် .... မိန်းကလေးရဲ့မိဘတွေကို ....
နို့ဘိုးဆိုပြီးပေးရပါတယ် .... မိန်းကလေးရဲ့အရည်အချင်းနဲ့ ချမ်းသာကြွယ်ဝမှုကိုလိုက်ပြီးပေးရတယ် ...
အဲဒီဓလေ့ထုံးစံကိုမသိတဲ့ သားရှင်တစ်ယောက်ရဲ့စကားကြောင့် ကြားရသူငုတ်တုတ်မေ့သွားပါတယ် ......
“ အမလေးတော် သူတို့သမီးမှနို့တိုက်ခဲ့ရတာမဟုတ်ပါဘူး ငါ့သားလဲငါကိုယ်တိုင်နို့တိုက်မွေးလာတာပါ ”

ကျွန်တော်ကတော့ အဲဒီဓလေ့ထုံးစံကိုမကြိုက်ပါဘူး တစ်ခါတစ်လေကြားနေရတာက ကိုယ့်သမီးကိုကိုယ်
ဈေးခေါ်ရောင်းနေသလိုမျိုးလေ ဒါပေမဲ့ သူ့အရပ်နဲ့သူ့ဇာက်ကတော့ ကွက်တိပဲ ....

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ