lundi 7 juillet 2008

မတည်မြဲတာ ကိုကြောက်နေလို့


ချစ်သူလေးရေ.....
ဒီဘလော့ရေးဖြစ်တာကလဲ....မင်းလေးကြောင့်ပါပဲ.....အပြစ်တင်တာမဟုတ်ပါဘူး.....
မင်းလေးဆီကိုရေးခွင့်မရတော့ .... ရေးလို့ရတဲ့နေရာကနေ ကိုယ်ရေးတယ်ပေါ့ ......

မင်းလေးအထူးပြုလေ့လာသင်ယူတဲ့အထဲက .... ရေလိုပဲ ... မင်းလေးကလဲ...အမျိုးမျိုး...
ပြောင်းလဲတတ်တယ်နော်...အစ ပထမတုန်းကတော့ မင်းလေးကို ကိုယ့်ချစ်သူပါလို့
တွေနိုင် ကိုင်ပြနိုင်ခဲ့သေးတယ် .... အဲဒီအချိန်က ....မင်းလေးဟာ...ကိုယ့်ရဲ့နှလုံးသားထဲမှာ .....
အတုန်းအခဲဘ၀နဲ့ရှိနေခဲ့တာလေ ......အဲဒီအချိန်တွေကိုကိုယ်လွမ်းတယ်...
အခုတော့မီးပျက်နေတဲ့ကိုယ့်ရဲ့နှလုံးသားဟာ ....မင်းလေးကို အစိုင်အခဲအနေနဲ့.....
ဆက်ပြီးထိမ်းမထား နိုင်ဘူးလေ........မင်းလေးကို ထိတွေ့ခဲ့ဘူးတဲ့ ဒီလက်လေးတွေဟာ....
နောက်တစ်ကြိမ်....ထိတို့ခွင့်ရချင်မှရမယ်ဆိုတာ...မသိကြဘူး...
ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ .... ကိုယ်မတတ်နိုင်တာတော့အမှန်ပဲ ချစ်သူလေးရယ်.....

ဒါပေမဲ့ မင်းလေးဟာ ဆုပ်ကိုင်လို့မရတော့ပေမဲ့ ခုအချိန်မှာ အရည်ဘ၀နဲ့
ကိုယ့်ရဲ့နှလုံးသားထဲမှာ ရှိတော့ရှိနေသေးတယ်...ဒါပေမဲ့ကွယ် ....
အပြင်ကတိုက်ခတ်တဲ့လေနဲ့ ( မင်းလေးသူငယ်ချင်းမေမေ ကသူ့သမီးကို ဘာသာခြားယူချင်ယူ
အညာသားကိုတော့မယူနဲ့ .....ဆို) မင်းလေးတစ်နေ့တစ်ခြားအငွေ့ပျံနေတာကို....
ကိုယ်နှမျောစွာပဲ...စောင့်ကြည့်နေတယ် .......

မင်းလေးလုံးဝအငွေ့ဖြစ်သွားတဲ့အချိန်မှာ .... ကိုယ့်ရဲ့နှလုံးသားလေးဟာလဲ.... ခြောက်သွေ့စွာနဲ့....
ဘယ်လောက်ကြာကြာ ရှင်သန်နေဦးမှာလဲဆိုတာ..... ကိုယ်မတွေးချင်တော့ဘူး..... အင်းလေ မင်းလေးက ....
အခဲ အရည် အငွေ့ ဆိုပြီး ဘ၀သုံးမျိုးနဲ့ရှင်သန် နေနိုင်တာပဲ .....
ကိုယ့်မှာသာ .... မပြောင်းလဲနိုင်တဲ့ ရင်ခုံသံဟာ ..... ဖုတ်လှိုက်ဖုတ်လိုက်နဲ့ ..........။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ