
ကိုယ်ကြီးပြင်းခဲ့တဲ့ တောင်ပေါ် အကြောင်းကို ပြောပြမယ် .....
မင်းကြီးပြင်းခဲ့တဲ့ ပင်လယ် အကြောင်းကို ကိုလဲ နားထောင်ချင်တယ် ...
give & take ဆိုတာက ရှေးခေတ်က ဗာတာ စနစ် တစ်မျိုးပါ ....
မင်းဆီကမရလဲ ကိုယ်ပေးနိုင်ပါတယ် ( လိုအပ်မယ်ဆိုရင်ပေါ့ ) ...
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မယ် ....
နားလည်မှုက ခွင့်လွှတ်ခြင်းကို မွေးဖွားပေးတယ်လေ ....
တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်စွမ်းနိုင်မယ် .....
ဒါဆိုရင်ထိုက်သင့်တဲ့ ပြည့်စုံမှုတော့ ရှိလာမှာပဲ ...
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်စရာဆိုလို့ ဘာမှမရှိဘူး .....
အထင်မြင်အလွဲမှားခံရရင် နေထိုင်ရ ခက်ခဲတယ် ....
သိမ်ငယ်တဲ့ အမြင်တွေမရှိဘူး .....
အတ္တကြီးမားလွန်းရင် အနီးဆုံးပါတ်ဝန်းကျင် ပူလောင်တယ် .....
ကိုယ့်မှာရှိသမျှတွေ မင်းပိုင်ဆိုင်နိုင်တယ် .......
မင်းမှာရှိသမျှကိုလဲ စားသုံးခွင့်ပေးပေါ့ .....
လောကကြီးရဲ့ နေနည်းထိုင်နည်း တစ်ချို့ကို ပြောပြမယ် .....
စိတ်ဝင်စားမယ်ဆိုရင်ပေါ့ .....
နေတတ်ရင်ရင် ကျေနပ်စရာကြီးပါ .....
Aucun commentaire:
Enregistrer un commentaire