
မှောက်နေတဲ့လက်ကလေးပုံနဲ့ လှန်နေတဲ့လက်ကလေးပုံကို ကြည့်ရင် ....
မှောက်နေတဲ့လက်ကလေးက ပိုလှတယ် ....
ဖြစ်တည်နေမယ်ဆိုရင် မှောက်နေတဲ့လက်ကလေး ဘ၀ ကိုတမ်းတ တယ် ....
လက်ဖြန့်ခံနေရတဲ့ လှန်နေတဲ့ ဘ၀မျိုးကို မလိုချင်ပါဘူး ....
ကျေးဇူးမတင်ချင်လို့( ကျေးဇူးမတင်တက်လို့ )တော့မဟုတ်ဘူး ဒါပေမဲ့ အတက်နိုင်ဆုံးတော့ ....
ဘယ်သူကိုမှ ကျေးဇူးတင် မနေချင်ဘူး .....
ရယူခဲ့ရမှုတွေအတွက်တော့ ကျေးဇူးတရားကို နားလည်ပါတယ် .....
ဒါပေမဲ့ ရယူဘို့အတွက် ကြိုးစားနေရတဲ့ ဘ၀ ကို ညည်းငွေ့တယ် ...
သူ့ကိုဖြည့်ရင်းနဲ့ ကိုယ်ပြည့်ရတာက ပိုပြီးအရသာတွေ့တယ် ....
ကိုယ့်လုပ်ဆောင်မှုအတွက် ပြုံးနေတဲ့ (ကျေနပ်နေမဲ့ ) မျက်နှာကို သဘောကျတယ် ....
အင်းလေ .... အနဲဆုံးတော့ ကိုယ်လုပ်တာကို ကိုယ်ကိုယ်တိုင် ကျေနပ်နေဖို့လိုလိမ့်မယ် ......
Aucun commentaire:
Enregistrer un commentaire