jeudi 31 juillet 2008

အ.ထ.က ( ၁ ) နှစ်၁၀၀ ပြည့်အကြို သဘင်ပွဲတော် ခြိမ့်သဲပျော်

ရှေ့ဆီမှာ ရောင်နီလှနှင့်
နိုးထထွက်ပေါ် ၊ တို့ကျောင်းတော်ကြီး
ရှုမငြီးဂုဏ်တင့် ၊ ကြွားကြွားဝင့် ...... ။

ကြွဇွဲသန် ညီညွတ်မာန်နှင့်
နိုင်ငံအကျိုး ဆောင်သယ်ပိုးမည်
ကောင်းကျိုးကိုရည် ကျောင်းတော်ဆီမှ
ပညာရည်နို့ တို့သောက်စို့လျှက်
ရှေ့ဆက်တာဝန် ထမ်းကျေပွန်အံ့ ..... ။

ကသောလက်များ ခန်းနားကြီးကျယ်
ပုံသွန်းချယ်လောင်း တပည့်ကောင်းတို့
ထောင်သောင်းမက ထွက်ပေါ်ရာမြေ
ဧရာအနောက် ရွှေကူမြေ ............ ။

၉၁၈ မှစတင်တည်ထောင်
ပြည်ဘောက်တစ်လွှား ပခုက္ကူသားများ
ကြွားဝင့်မှတ်တိုင် စိုက်ထူနိုင်ပြီ ........ ။

နှစ်လိုကျွမ်းဝင် ဆရာမွန်၏
သင်ပြမှုကောင်း စေတနာထောင်သောင်း
ဦးညွတ်ပြောင်းလျှက်
နှစ်ထောင်းမမေ့ ဂုဏ်ယူမွေ့ရင်း
အပ်နှင်းဝန်တာ ထမ်းဆောင်ရာမှ
ကြွရောက်တပည့် တွေ့ဆုံမြေ့ရာ
ဆရာသခင် အန္တရှင်များ
အားရ၀မ်းသာ ပီတီဖြာ ........... ။

တစ်နယ်စီဝေး တစ်ရပ်ကျေးမှ
နွေးထွေးရောက်စဉ် တပည့်မွန်အား
တွေ့လျှင်လှိုက်မော ပီတိဇောနှင့်
သောကပြေကျ ဆရာလှ
လူဖြစ်ရကျိုး နပ်ပေစွ
ဆရာ့ဘ၀ ဒုလ္လဘ ........... ။

ရာပြည့်ကြိုပွဲ ခြိမ့်ခြိမ့်နွဲကာ
စည်သာဗုံမောင်း ငြိမ့်ငြိမ့်ညောင်းလျှက်
တပည့်ပေါင်းစုံလင် သန့်စင်နှလုံးသား
ခွဲခြားမရှိ ဘ၀အသိ
မပြည့်သည့်အိုး ရေစင်တိုးဖြည့်
အမျိုးသားစိတ်အရင်းခံ ကောင်းခြင်းလျှံ ......

ပြည့်
ပြည့်
၀၀ နှလုံးလှဖြင့်

မဟာပွဲတော် ရောက်လာပျော်မြူး
ကြည်နူးငယ်ဘ၀ ကျောင်းတော်လှကို
လွမ်းလှမိသေး ရင်ခုန်နွေး ....... ။

စဉ်အမြဲ လက်တွဲခိုင်မာ
ကျောင်းတော်သာရေး နွေးထွေးတိုင်ပင်
တိုးတက်ရွှင်အောင် ပေါင်းစုဆောင်မည်
ပြည်ထောင်တစ်ဝှမ်း ကျောင်းဂုဏ်လွှမ်း ..... ။

ကြိုဆိုလက်ကမ်း ရွှေကူနန်းတည့်
အေးချမ်းဌာနေ ကောင်းမှုဝေဖြာ
ဘာသာယဉ်ကျေးမှု အနုသုခုမ
လွှမ်းပဝေစည်
ဧရာနဒီ အနောက်ဘက်ကမ်း
အ . ထ . က ( ၁ ) ကျောင်းတော်နန်း
ပညာဆီမီး ထိန်ထိန်လျှမ်း
တင့်တယ်ဂုဏ်ရောင်အံ့မခန်း ........ ။

နေဦးမောင်

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ