vendredi 1 août 2008

အန္တသူရိယ အမတ်ကြီး၏ “ မျက်ဖြေ အလင်္ကာ ”


သူတည်းတစ်ယောက် ၊ ကောင်းဘို့ရောက်မူ
သူတယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း ။

ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းခံ ၊ မတ်ပေါင်းရံလျှက်
ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊ ခဏတက်သည်
ရေပွက်ပမာ ၊ တစ်သက်လျှာတည်း ။

ကြင်နာသနား ၊ ငါ့အားမသက် ၊ ယခုလွှတ်လည်း
မလွတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည်
အတည်မမြဲ ၊ ဖောက်လွှဲတတ်သည် ၊ မချွတ်စသာ
သတ္တ၀ါတည်း ။

ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏
ခိုက်ကြုံဝိဘက် ၊ သံသာစက်၌ ၊ ကြိုက်လတ်တုံမူ
တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို
ချန်ဘိစစ်စစ် ၊ အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏
တွေးသည့်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ