
လူတွေမှာတစ်ဦးနဲ့တစ်ဦး ပါတ်ဝန်းကျင် မျိုးရိုးဗီဇနဲ့ စရိုက်အမျိုးမျိုး ကွဲပြား
ခြားနားကြပါတယ် ။
ရုပ်သက် ကို ၃၆၅ ရက် ကြီးသွားတိုင်း တစ်နှစ်ကြီးသွားပြီလို့ ပြောနိုင်ပေမဲ့ စိတ်သက် ကိုတော့ အချိန်နဲ့မတိုင်းတာနိုင်ပါဘူး သူ့ရဲ့အသိဥာဏ် ဆင်ခြင် နိုင်မှု ပြုမူနေထိုင်ပုံတွေနဲ့ပဲ ကြည့်လို့ရပါတယ် ။ စိတ်သက်နဲ့ ရုပ်သက် မျှတစွာကြီးပြင်းခဲ့တဲ့လူတွေ ရှိသလို တစ်ခုခုက ပိုကြီး နေတာကိုလဲ တွေ့မြင် နေရမှာပါ ။ ရုပ်သက်က ကြီးနေပြီး စိတ်သက်က ငယ်နေရင်တော့ ကလေးဆန်တယ်လို့ ပြောရမလိုပဲ ။ အဲဒီလိုပဲရုပ်သက်ကငယ်နေပြီး စိတ်သက်ကကြီးနေရင်တော့ လူကြီးဆန်တယ် ပြောရမယ် ။ ဒါပေမဲ့ကျင်လည်ခဲ့ဘူးတဲ့ပါတ်ဝန်းကျင်တစ်ခုမှာ အသားကျပြီး ရင့်ကျက်နေပေမဲ့ ပါတ်ဝန်းကျင်အသစ်ရဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ရင့်ကျက်မှုနည်း နေနိုင်ပါတယ် ။
နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက်အတ္တမတူတာ ...... တစ်ချို့က အတ္တများတယ် ။ တစ်ချို့က အတ္တနည်းတယ် ...... အများစုက ရယူခြင်းအပေါ်မှာ သာယာတတ်ကြပေမဲ့ ..... ပေးဆပ်ရမယ်ဆိုရင် အရသာမတွေ့ကြဘူး .....
တစ်ကယ်တမ်း ကျွန်တော့အမြင်ပြောရရင်တော့ ချိုတဲ့အရ ကိုခံစားကြချင်တဲ့လူတွေကို
ခါးတဲ့အရသာရဲ့ စွဲမက်ဖွယ်လေးတွေလဲ လောကကြီးထဲမှာ ရှိနေတာကို သိစေချင်တာ
အဲဒီလိုပါပဲ အချစ်သက်တမ်း မှာလဲ ၃၆၅ ရက်ကြာသွားလို့ တစ်နှစ်ပြည့်သွားပြီ ဆိုပေမဲ့
သက်ရောက်မှုတွေက တစ်ယောက်နဲ့တစ်ယောက် ခံစားမှု တို့ သက်ရောက်မှုတို့က
တူနိုင်မှာမဟုတ်ပါဘူး .....

အရွယ်ရောက်စကတည်းက အတွေးနဲ့ ချစ်လာခဲ့ရတဲ့ချစ်သူတစ်ယောက်ကို
အပြင်မှာ တစ်ကယ် တွေ့လာပြီဆိုရင်တော့ တစ်ကယ်ကို ချစ်ပြချင်ပါတယ် ....
သတိပြုဖို့နဲ့ ဆင်ခြင်ဘို့က ကိုယ်ချစ်တဲ့ .... ချစ်သူရဲ့ အကျိုးကိုလိုလားတာလား ......
ကိုယ့်ရဲ့ ဖြစ်ချင်နေတဲ့ ဆန္ဒ ( ကိုယ့်ရဲ့ အတ္တ ) ကို ဖြည့်ဆည်းချင်တာလား ....
ချစ်တဲ့လူရဲ့ ဆန္ဒ ကို ဖြည့်ဆည်း ပြီး ကိုယ်တိုင်ကျေနပ်နေနိုင်တယ်ဆိုရင် ......
တစ်ကယ်ပျော်စရာကောင်းတဲ့ အချစ်တစ်စုံဖြစ်လာမှာ သေချာတယ် .......
Aucun commentaire:
Enregistrer un commentaire