mardi 19 août 2008

ဓါတ်ပုံဖန်တီးမှုများ

သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ မေးပါ .....

lundi 18 août 2008

ဆံပင် ပုံစံ

သူငယ်ချင်းတစ်ယောက်ပို့ပေးတာလေးပါ .... မိန်းကလေးတွေ အလှအပကို ခုံမင်တာနဲ့ ဖန်တီးတတ်တာကို သဘောကျလို့ .....

အညစ်ပါတ်ဆုံးဟာသများ

သူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ .... ရီရမလားလို့ပါ
ညစ်ပတ်တယ်မထင်ပါနဲ့နော် .....

The cheapest weapon!


Acrobatics. Malaysia Bolih!


Dont strain. Eat vegetables!


Not for defaecation!


Gravity Test!


Big Shit! No Chief!



Muscle Strength!






The Butler !



Eat Fruits!


Dexterity Test


Stop Arguing!


Dont overuse your gym!

vendredi 15 août 2008

သခင်ကိုယ်တော်မှိုင်း “ အညာမင်္ဂလာဆောင် ”

သခင်ကိုယ်တော်မှိုင်း ရေး ဗိုလ်ဋိကာ ဆောင်းပါး မှ ကောက်နှုတ်ချက်

ကျုပ်တို့အညာမှာ ၊ မင်္ဂလာတစ်မျိုးသာပါ့ ၊ အဟုတ်ဗျို့ ဓမ္မတာ ၊ အစဉ်အလာမညှိုးခဲ့ပေဘု ၊ အရိုးသမကျ ရှေးလိုပါ့ ၊ အဖွားကလဲကျီတစ်ဆောင် အမျိုးကလဲမသေးပေဘု ၊ အဖိုးအဖနှင့်တစ်ကွ မေးကြပါတော့ တစ်မျိုးငါ့မြေးဘို့ရယ်လို့ ၊ အိုကွယ် အဖိုးကပေးလိုက်ပါတဲ့ နွားညီနောင် သြော်အမိအဖတို့ကလဲ ၊ ပြည့်ပြည့်၀၀တွေမှို့ ၊ ရှိသမျှကုန်ချင်ကုန်ရော့လို့ မယုံလျှင်ကြုံလျှင်မေးပါတော့ ၊ အလုံတစ်ခွင်မှာ ဂုဏ်အင်ကလည်းမသေးပေဘု
မုံရွေး ကြေးမှုံ ချောင်းဦး ၊နယ်တစ်လွှားဆီက ၊ အလုံကျေးအကုန်မှာ
ပြောင်းဖူးသယ်တွေကလဲများလိုက်ပါဘိနှင့် ၊ ဆွေသားရင်းချာညာတကာမိတ်တို့ကိုလ
အဖေသွားရင်းသာ လာစရာဖိတ်ခဲ့တာနှင့် ၊ ညအိပ်ညနေ အစုံလာကြတော့ ၊
ခြုံစရာအတွက် ဖျင်စောင်နှစ်ခုငဲ့ပြင် ၊ ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလည်း တစ်ခုစီပေါ့
လုပ်မှုကိုင်ဘွယ် တောလယ်ယာ တစ်ခင်းငဲ့ပြင် ၊ ပြောင်းခင်းတစ်စလယ်ဝင်နှင့်
လယ်တစ်ရှင် စပါးနှစ်ဆယ်ထွက်ကိုလ ၊ ရှေးအဆက်ဆက် အကြွေးတတ်ပြီး
အဝေးမထွက်ရအောင်လို့တဲ့ကွယ် ၊ ပေးလက်ဖွဲ့နှောင် ။

လမ်းချိုးအရှေ့က ၊ စမ်းရိုးအကွေ့ ၊ ခရောင်းယာမှာ ၊ ဟောသည်ကအထုပ်တွေဖြေဖြေပြီး
အလုပ်သာကြဲလေရော့ဟဲ့လို့ ၊ ခရမ်းမျိုးစေ့ကောင်းစွာ ၊ ငရုပ်ဂျုံ ကုလားပဲသာပါ့
နှမ်းမျိုးသွေ့သွေ့ ပြောင်းဝါ ၊ ငရုပ်ဖရုံပါ ဖရဲငဲ့ပြင် ၊ ထမ်းပိုး၍ရောင်းစရာ ၊ အထုပ်မုံလာ
ခ၀ဲတွေနှင့် ၊ အလုပ်စုံရာကပဲလို့အများလက်ဆောင် ၊ သားအတွက်ဆိုတော့
တအားတက်အောင်ရယ်လို့ ၊ ကျုပ်တို့အမေအိုကလဲ ဓါးမရှည် ဓါးမတိုတွေနှင့်
အခြေကိုနှင်း ၊ (အိုကွယ် ) မယားဘက်က မောင်တွေကလည်း ၊ ပုလွေတိုနှစ်စင်း ။

မျိုးဆက်ကာခြုံ ၊ အိုးခွက်ပန်းကန်အစုံနဲ့ ၊ ပြေတခွင် သထုံရောက်ရာကဘဲ ၊ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာဇွန်းငဲ့ပြင် ၊ ကွမ်းအစ်ပါလွယ်အိတ်တစ်လုံးငယ်နှင့် ၊
ပဲခူးဘူတာမှာလေ ၊ ငနဲသူခိုးလူညာတွေမှုန်းလိုက်ပါတဲ့ ၊ ပျောက်သဟာ
ထန်းခေါက်ဖာကလဲတစ်လုံးပါပဲ ၊ စုရုံးလိုက်လျှင်တစ်အိမ်ထောင်ပေါ့ ၊ လူ့ထုံးစရိုက်တွင်
တသိန်ပြောင်လောက်ကဲ့ ၊ မင်္ဂလာဆောင်မှာခန်းဝင်ကလဲမနဲပါဘု ၊ မွဲဘို့ရာကံကြမ္မာနှင့်
ဖန်လာပုံကုသိုလ်ကလဲ မကောင်းချင်တော့ ၊ အထက်အထက်ဟိုအညာမှာလေ
ကြက်ဆိုတာတောင်မလောင်းခဲ့ပါဘူး ၊ အညာပြောဌာနေဟောင်းဆီက
အကြွေးတစ်ရာကို ဒွေးခါကလဲ တောင်းပြန်ပေါ့တဲ့ ၊ ( အမယ်မင်း ) မောင်းစရာရယ်လို့များ
တပ်လိုက်မှဖြင့် ၊ ခေါင်းတခါခါနှင့်ဆတ်လှစွာသော ၊ လှလှစွေ့စွေ့ရယ်နှင့်
၀၀ပြည့်ပြည့်နွားပြာတစ်ရှင်းကိုလ ၊ ကျောင်းတကာကိုသာအပ်လိုက်ပေရော့
ရသရွေ့ ဘာဘာညာညာရယ်လို့မငြင်းလေနှင့် ၊ အိုကွယ်ရောင်းကာသာဆပ်လိုက်ပတော့
ရွာရှေ့ကယာတစ်ခင်း ။

ခက်ဆစ်
အရိုးသမကျ = ရှေးဆရာများခေါ်သမရိုးကျ ၊ အစဉ်အလာထုံးစံအတိုင်း
ဂုဏ်အင် = ထူးခြားသောအင်္ဂါရပ်
ဂုံပုဝါ = ဂုဏ် ရှမ်းလူမျိုးတို့မှရသောပုဝါ ၊ လျှော်တစ်မျိုးနဲ့ရက်လုပ်သောပုဝါ
တစလယ် = စပါးချင်တွယ်ရသောအချင်အတွယ်တစ်မျိုး (လေးလက်ခုတ်စာနှင့်ညီမျှသည်)
ခယောင်း = ခယောင်းယာ

ကောက်နှုတ်ချက်

ကျွန်ုပ်တို့အညာမှာကောင်းမြတ်သောမင်္ဂလာသည် ထိမ်းမြှားမင်္ဂလာဖြစ်ပါသည် ။
ရှေးရိုးအစဉ်အလာကိုမပါယ်ပဲ ရိုးရာဓလေ့အတိုင်းပြုလုပ်ခြင်းဖြစ်ပါသည် ။
မင်္ဂလာလက်ဖွဲ့အနေနှင့် အဖွားမှကျီတစ်ဆောင်လက်ဖွဲ့ပါသည် ။ အဖိုးအဖွားကိုမေးကြည့်ပါ
တော့ ကျွန်တော်တို့အမျိုးသည်မသေးပါ ။ အမျိုးများပြားလှပါသည် ။ ၄င်း တို့ကမြေးအတွက်
နွားညီနောင်ကိုလက်ဖွဲ့ပါသည် ။


အမိအဖများသည် ပစ္စည်းပြည့်စုံသူများဖြစ်သဖြင့် ရှိသမျှပစ္စည်းကုန်လျှင်လည်းကုန်ပါစေဟူ၍

သဘောထားကာ မင်္ဂလာပွဲကို မင်္ဂလာပွဲကိုကြီးကျယ်ခန်းနားစွာ ဆင်ယင်ကျင်းပပါသည် ။
ကျွန်တော်ယခုပြောသည်ကိုမယုံလျှင်မေးကြည့်ပါ ။ အညာသား၏မင်္ဂလာဆောင်သည် မည်
မျှစည်ကားပါသလဲဆိုပါက အလုံဟုခေါ်သော ဒေသတွင်ကျုပ်၏ဂုဏ်အင်္ဂါသည် ထင်ရှားပေါ်
လွင်ပါသည် ။ မုံရွာ ကြေးမှုံ ချောင်းဦး ဟူသောနယ်တစ်လွှားတွင် အလုံကျေး အကုန်မှာစိုက်ပျိုး
လုပ်ကိုင်သူများပြားပါသည် ။ အရင်းအချာ
သွေးသားများကို အဖေခရီးထွက်သွားရင်း
ဖိတ်ခဲ့သည် ။ ဤကဲ့သို့ဖိတ်သောကြောင့်
မင်္ဂလာပွဲကို ညအိပ် ညနေ နေကြပါသည် ။ ထိုဧည့်သည်များကို ဧည့်ဝတ်ကျေစေရန်
ခြင်ထောင်နှင့် ခြုံစရာ စောင်အပြင်
ဂုဏ်ရှမ်းတို့ထံမှလာသော ဂုဏ်ပ၀ါတဘက်နှင့်
ခြင်ထောင်တစ်ခုစီ ထုတ်ပေးပါသည် ။
ဝတ်ကျေအောင် ပြုစုရပါသည် ။
ဆွေမျိုးများကလုပ်ကိုင်စာသောက်ရန်
အတွက်လယ်ယာတစ်ကွက် လက်ဖွဲ့ပါသည် ။
ပြောင်းခင်းနှင့် စပါး တင်းနှစ်ဆယ် ထွက်သော လယ်ခင်းကိုလက်ဖွဲ့ပါသည် ။
ဤသို့လက်ဖွဲ့သောရည်ရွယ်ချက် သည် ကျွေးတင်၍ကျွန်ဖြစ်ဆိုသော စကားအတိုင်း
ကျွေးများတင်သဖြင့် မိမိအရပ်ဒေသကိုစွန့်ကာတစ်မြို့တစ်ရွာတွင်သွားနေရပါသည် ။
ဤသို့မဖြစ်စေရန်အတွက်ဆွေမျိုးရင်ချာများကလက်ဖွဲ့ခြင်းဖြစ်ပါသည် ။

ကျုပ်တို့အိပ်အရှေ့လမ်းချိုးလေး မှာ စမ်းရိုး၏ အကွေ့၌ ခရမ်းယာတွင်စိတ်ရှိလက်ရှိ အထုပ်
တွဖြေပြီးအားရပါးရကျဲနိုင်ဘို့ရန် အတွက်အောက်ပါမျိုးစေ့များကို လက်ဖွဲ့အဖြစ်ဖွဲ့ပါသည် ။
ကောင်းမွန် အောင်မြင်သည့်ခရမ်းအပြင် ငရုပ် ၊ ဂျုံ ၊ ကုလားပဲတို့ဖြစ်ပါသည် ။

ထမ်းပိုး၍ရောင်းနိုင်လောက်သည့် မုံလာထုပ် ၊ ခ၀ဲ နှင့် အလုပ်နှင့်လက်မပြတ်အောင်
လုပ်နိုင်ရန်ပဲအမျိုးမျိုးပါ လက်ဆောင်ရခဲ့ပါသည် ။ အမေအိုကလည်းသားအတွက်
တအားတက်စေရန် အိမ်ထောင်ဦး၏ အခြေခံပစ္စည်းဖြစ်သော ဓါးရှည် ၊ ဓါးမတို့ကို လက်ဖွဲ့
ပစ္စည်းအဖြစ်နှင့် အပ်ခဲ့ပါသည် ။ မိန်းမဘက်မှမောင်များက ပုလွေတိုနှစ်စင်းလက်ဖွဲ့ခဲ့ပါသည် ။

မျိုးအစဉ်အဆက်သုံးစွဲလောက်သည့် လှည်း ၊ အိုးခွက် ၊ ပန်းကန် စသည်တို့ကို ယခုရောက်
နေသည့် သထုံပြည်မှာ ပစ္စည်းစုံလင်လှသည် ။ အညာတစ်ခွင်ကိုလွမ်းဆွတ်မိသည် ။
မြေအင်တုံနှင့် သောက်ရန်ဇွန်း အပြင်ကွမ်းအစ်နှစ်ခုထည့်ထားသော လွယ်အိတ်တစ်လုံးကို
ပဲခူးသွား ဘူတာမှာ လူဆိုး ၊ လူညာတို့ ကချေမှုန်း ဖျောက်ဖျက်လိုက်ရာ ထန်းခေါက်ဖာ
တစ်လုံးပါသွားပါသည် ။ ၄င်းပစ္စည်းများကို စုပေါင်းလိုက်လျှင် တစ်အိမ်ထောင်လောက်ရှိ
ပါသည် ။ ယခုဆင်းရဲပေမဲ့ အထာက်အညာတွင်ကြက်ကိုတောင်မလောင်းခဲ့ပါဘူး ။
ကိုယ့်ရဲ့ဌာနေဟောင်းဖြစ်တဲ့ အညာမြေက ကြွေးရှင်ဒွေးခါကအကြွေးတစ်ရာကို
တောင်းနေပါ၏ ။ ကြွေးတစ်ရာဆပ်ရန် ငွေကြေးမရှိသည့်အတွက် လှည်းမောင်း
သည့်အခါဆွဲသည့် ခေါင်းတစ်ခါခါ နှင့် နွားပြာတစ်ရှင်းကို ကျောင်းတကာကိုသာ အပ်ပါသည် ။
ကျောင်းတကာကိုသာ ပေးသမျှကိုမငြင်းပဲ ရောင်းပြီးအပ်လိုက်ပါတော့သည် ။

ပျံသာပျံပါ ငှက်ကလေးရေ

IPB Image
မြင့်မြင့်ပျံတဲ့ငှတ်ကလေးများ .....
ဝေးဝေးကိုပျံတဲ့ငှက်ကလေး များ ....
မြင့်မြင့်နဲ့ဝေးဝေးကိုပျံတတ်တဲ့ ငှက်ကလေးများ .....
နိမ့်နိမ့်နဲ့နီးနီး ကိုပဲပျံတတ်တဲ့ငှက်ကလေးများ .....
တစ်ကောင်နဲ့တစ်ကောင် မျိုးရိုးဗီဇ လိုက်ပြီး မတူကြဘူးလေ .....

ကိုယ်က ငှက်ရယ်လို့ အတောင်သာပါတယ် ပျံနိုင်တဲ့စွမ်းအားမျိုး
ကိုယ့်မှာမရှိဘူး အမြင့်ပျံငှက်ကလေးရေ့ .....
မင်းကိုယ့်ဘ၀ကိုကြည့်ပြီးတော့ မလှောင်ပါနဲ့နော် .....
မင်းလေးလို လောကကြီးကို အပေါ်စီးကနေ မြင်နိုင်ကြည့်နိုင်တဲ့စွမ်းအားမျိုး
ကိုယ့်မှာမရှိဘူး ဆိုတာ ကိုယ်ဝန်ခံထားတယ်လေ ......
IPB Image
မဆုံဖြစ်မယ်မှန်းသိခဲ့ရင် အစကတည်းက မတွေ့ခဲ့ကြရင်ကောင်းသား .....
အင်းလေ ဘယ်အချိန်မှာဘယ်လိုဆုံပြီး ဘယ်လို ခွဲကြရမယ်ဆိုတာ .....
ဘယ်သူ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ .....

လူဆိုတာ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုယ် အသက်ရှင်နေထိုင်ကြတာပဲလေ
ပါတ်ဝန်းကျင် အသစ် လောကအသစ်ကို စိန်ခေါ်ရဲတဲ့သတ္တိ မင်းလေးမှာ
အပြည့်ရှိနေတာကို ကိုယ်လေးစားဂုဏ်ယူမိပါတယ် .....

ဒါပေမဲ့သိုက်မြုံကို မခင်တွယ်တဲ့ မင်းလေးရဲ့ စိတ်ဓါတ်ကိုတော့ ကိုယ်အံ့သြမိတယ် ....
အင်းလေ .... မင်းလေး မြင်ချင်တဲ့မြင်ကွင်းနဲ့ အခွင့်အရေးက ဒီနယ်မှာရှိမနေဘူးလေ ......
မင်းလေးကို အပြစ်ပြောရမှာလဲ တစ်ဖတ်စောင်းနင်းကျနေမလား ....
ဒါပေမဲ့ မင်းလေးကြီးပြင်းခဲ့တဲ့ ပါတ်ဝန်းကျင်ကို စိတ်နာပြီး နောင်ဘယ်တော့မှ
ပြန်မလာတော့ဘူးဆိုတဲ့ စကားကတော့ခါးသီးလွန်းလှပါတယ် ....

မင်းလေးဆက်ရှင်သန်မဲ့ ပါတ်ဝန်းကျင်အသစ်မှာ စားသုံးဘို့တွေကို မင်းဘယ်က
သယ်ဆောင်သွားခဲ့တယ်ဆိုကို မေ့ပြစ်တော့မှာလား ......
ဝန်းကျင်ဟောင်း စိမ်းလန်းလာဖို့ကို ဥပေက္ခာ ပြုလိုက်တော့မှာလား ......
အင်းလေ ...... အရှုံးသမားတွေရဲ့ ဘ၀ မှာတော့ ရှုံးပြီးရင်း ရှုံးနေ မြဲပါပဲ .....

တစ်ဖြည်းဖြည်း စိမ်းလန်းမလား ကျိုးစားရင်း မသိမသာ ခြောက်ကပ်နေတာကို
ဘယ်လိုလုပ်တတ်နိုင်မလဲ “ ကမ္ဘာကြီးကို မတင်ဘို့ ကမ္ဘာထက်ကြီးတဲ့
ကုတ်တစ်ချောင်း ကိုယ့်လက်ထဲမှာ မရှိဘူးလေ ” ......

“ တစ်နေ့တစ်လံပေါ့ ပုဂံရယ်လို့ ” သာအားတင်းထားရတယ် မိုင်နှုန်းမြင့်ယာဉ်
တစ်စီးနောက်ကို ဖ၀ါးနဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးလိုက်နေရတဲ့
အခြေအနေမျိုးလေ ..... အားတင်းထား လို့ ကိုယ့်ကိုကိုယ် အားပေးရင်း မလျှော့တဲ့
ဇွဲ လေးနဲ့ ခန္ဓာကိုယ်လေးကလဲ ဘယ်လောက် ၀င်သက်ထွက်သက်ရှည်ရှားနိုင်မှာလဲ

တစ်ခါတစ်လေတော့လဲ မထင်ထားတာတွေဖြစ်တတ်တဲ့လောကိုပဲ အားကိုးရင်း
မှိနိုင်မလား ..... ဒါမှမဟုတ် မင်းလေးပဲနောက်ကို ပြန်လှည့်လာလို့
အတူဆုံစည်း နိုင်မလား ? ဆုံကြတဲ့အချိန်မှာ တို့နှစ်ယောက်ရဲ့ အဖြေတွေပဲ
ပြောင်းသွားမလား ......

ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းနဲ့ ကိုယ်တို့နေခဲ့တဲ့ နေရာဟောင်းလေး စိမ်းလန်းလာဖို့ကို
ကိုယ်ကျိုးစား နေဦးမှာပါ ........

jeudi 14 août 2008

ဂျပန် နေ့ခင်းစာ ထမင်းဗူးများ

ကျွန်တော့ဘလော့ကို လာရောက်အားပေးတဲ့သူများကို
ကျွန်တော့သူငယ်ချင်းပို့ပေးထားတဲ့ ဂျပန်နေ့ခင်းစာများနဲ့
တည်ခင်းဧည့်ခံထားပါတယ် ကြိုက်ရာကိုစားသုံးနိုင်ပါတယ် ။
အစားအသောက်ကို ပါးစပ်နဲ့ မစားခင်မှာ
မြင်လိုက်တာနဲ့ စားချင်စဖွယ်
ဖြစ်အောင် ပြင်ဆင်နိုင်တာကို
အတုယူနိုင်အောင်ပါ .....











































ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ