Affichage des articles dont le libellé est ခံစားမှုများ. Afficher tous les articles
Affichage des articles dont le libellé est ခံစားမှုများ. Afficher tous les articles

vendredi 15 août 2008

ပျံသာပျံပါ ငှက်ကလေးရေ

IPB Image
မြင့်မြင့်ပျံတဲ့ငှတ်ကလေးများ .....
ဝေးဝေးကိုပျံတဲ့ငှက်ကလေး များ ....
မြင့်မြင့်နဲ့ဝေးဝေးကိုပျံတတ်တဲ့ ငှက်ကလေးများ .....
နိမ့်နိမ့်နဲ့နီးနီး ကိုပဲပျံတတ်တဲ့ငှက်ကလေးများ .....
တစ်ကောင်နဲ့တစ်ကောင် မျိုးရိုးဗီဇ လိုက်ပြီး မတူကြဘူးလေ .....

ကိုယ်က ငှက်ရယ်လို့ အတောင်သာပါတယ် ပျံနိုင်တဲ့စွမ်းအားမျိုး
ကိုယ့်မှာမရှိဘူး အမြင့်ပျံငှက်ကလေးရေ့ .....
မင်းကိုယ့်ဘ၀ကိုကြည့်ပြီးတော့ မလှောင်ပါနဲ့နော် .....
မင်းလေးလို လောကကြီးကို အပေါ်စီးကနေ မြင်နိုင်ကြည့်နိုင်တဲ့စွမ်းအားမျိုး
ကိုယ့်မှာမရှိဘူး ဆိုတာ ကိုယ်ဝန်ခံထားတယ်လေ ......
IPB Image
မဆုံဖြစ်မယ်မှန်းသိခဲ့ရင် အစကတည်းက မတွေ့ခဲ့ကြရင်ကောင်းသား .....
အင်းလေ ဘယ်အချိန်မှာဘယ်လိုဆုံပြီး ဘယ်လို ခွဲကြရမယ်ဆိုတာ .....
ဘယ်သူ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ .....

လူဆိုတာ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုယ် အသက်ရှင်နေထိုင်ကြတာပဲလေ
ပါတ်ဝန်းကျင် အသစ် လောကအသစ်ကို စိန်ခေါ်ရဲတဲ့သတ္တိ မင်းလေးမှာ
အပြည့်ရှိနေတာကို ကိုယ်လေးစားဂုဏ်ယူမိပါတယ် .....

ဒါပေမဲ့သိုက်မြုံကို မခင်တွယ်တဲ့ မင်းလေးရဲ့ စိတ်ဓါတ်ကိုတော့ ကိုယ်အံ့သြမိတယ် ....
အင်းလေ .... မင်းလေး မြင်ချင်တဲ့မြင်ကွင်းနဲ့ အခွင့်အရေးက ဒီနယ်မှာရှိမနေဘူးလေ ......
မင်းလေးကို အပြစ်ပြောရမှာလဲ တစ်ဖတ်စောင်းနင်းကျနေမလား ....
ဒါပေမဲ့ မင်းလေးကြီးပြင်းခဲ့တဲ့ ပါတ်ဝန်းကျင်ကို စိတ်နာပြီး နောင်ဘယ်တော့မှ
ပြန်မလာတော့ဘူးဆိုတဲ့ စကားကတော့ခါးသီးလွန်းလှပါတယ် ....

မင်းလေးဆက်ရှင်သန်မဲ့ ပါတ်ဝန်းကျင်အသစ်မှာ စားသုံးဘို့တွေကို မင်းဘယ်က
သယ်ဆောင်သွားခဲ့တယ်ဆိုကို မေ့ပြစ်တော့မှာလား ......
ဝန်းကျင်ဟောင်း စိမ်းလန်းလာဖို့ကို ဥပေက္ခာ ပြုလိုက်တော့မှာလား ......
အင်းလေ ...... အရှုံးသမားတွေရဲ့ ဘ၀ မှာတော့ ရှုံးပြီးရင်း ရှုံးနေ မြဲပါပဲ .....

တစ်ဖြည်းဖြည်း စိမ်းလန်းမလား ကျိုးစားရင်း မသိမသာ ခြောက်ကပ်နေတာကို
ဘယ်လိုလုပ်တတ်နိုင်မလဲ “ ကမ္ဘာကြီးကို မတင်ဘို့ ကမ္ဘာထက်ကြီးတဲ့
ကုတ်တစ်ချောင်း ကိုယ့်လက်ထဲမှာ မရှိဘူးလေ ” ......

“ တစ်နေ့တစ်လံပေါ့ ပုဂံရယ်လို့ ” သာအားတင်းထားရတယ် မိုင်နှုန်းမြင့်ယာဉ်
တစ်စီးနောက်ကို ဖ၀ါးနဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးလိုက်နေရတဲ့
အခြေအနေမျိုးလေ ..... အားတင်းထား လို့ ကိုယ့်ကိုကိုယ် အားပေးရင်း မလျှော့တဲ့
ဇွဲ လေးနဲ့ ခန္ဓာကိုယ်လေးကလဲ ဘယ်လောက် ၀င်သက်ထွက်သက်ရှည်ရှားနိုင်မှာလဲ

တစ်ခါတစ်လေတော့လဲ မထင်ထားတာတွေဖြစ်တတ်တဲ့လောကိုပဲ အားကိုးရင်း
မှိနိုင်မလား ..... ဒါမှမဟုတ် မင်းလေးပဲနောက်ကို ပြန်လှည့်လာလို့
အတူဆုံစည်း နိုင်မလား ? ဆုံကြတဲ့အချိန်မှာ တို့နှစ်ယောက်ရဲ့ အဖြေတွေပဲ
ပြောင်းသွားမလား ......

ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းနဲ့ ကိုယ်တို့နေခဲ့တဲ့ နေရာဟောင်းလေး စိမ်းလန်းလာဖို့ကို
ကိုယ်ကျိုးစား နေဦးမှာပါ ........

samedi 2 août 2008

နွယ်တစ်ပင်မျက်တစ်ပင်လို

IPB Image
နပိုလီယန် လို နယ်မြေတွေကိုလဲ မသိမ်းပိုက်လိုပါ .....
ဟစ်တလာလိုလဲ ကမ္ဘာကြီးကို ဝေစုခွဲဘို့ အကြံမရှိပါ ....
အဲလီဇဘက် လိုလဲ နေမ၀င်အင်ပါယာကြီးတည်ထောင်ဘို့
စိတ်ကူးမရှိပါ .....
ဒါပေမဲ့ မင်းလေးရဲ့ နှလုံးသားတစ်ခုကိုတော့ အပိုင်လိုချင်တယ် ......

အင်းလေ .... ဒါကလဲ လမင်းလေးကိုအပိုင်လိုချင်နေတဲ့ကမ္ဘာဦးက
လူသားတစ်ယောက်ရဲ့ မသိနားမလည်တဲ့ ပိုင်ဆိုင်လိုချင်းအတ္တ တစ်မျိုးဆိုတာကို
နားလည်သင့်တာပေါ့ .....

မရမက ကိုယ့်ရဲ့ ရေအိုးထဲမှာ ရှိနေတဲ့အရိပ်ကလေးကို ကိုယ်ပိုင်တယ်ထင်တာလေ
ဒါတောင်တစ်ခါတစ်ခါ ပျောက်ပျောက်သွားသေးတယ် ......
အမြဲတမ်းလပြည့်ရက်က ကိုယ့်ဘက်မှာမရှိဘူးလေ ........

တစ်ကယ်တော့ ဒီအချစ်ဆိုတာကလဲအဆန်းသား .....
လူသားသန်းပေါင်း ခုနှစ်ထောင်လောက် ရှိနေတာ ကို တစ်ဦးတစ်ယောက်ထဲကို
ရွေးပြီး စွဲလန်းတဲ့စိတ်က ကောင်းသလား မကောင်းသလား စဉ်းစားသင့်တယ် ....
တစ်ခါတစ်ခါမှာ အစွဲအလန်းကြီးတတ်တဲ့ ကိုယ့်အတွက်တော့ စကားလေးတစ်လုံး
ကိုတောင် ခေါင်းထဲမှာ တစ်ညလုံး အစာမကြေလို့ .....

တစ်ခါတစ်ခါမှာတော့ ဘာကိုမှလေးလေးနက်နက် မစဉ်းစားတာ ပေါ့ပေါ့ပါးပါးပဲ
သီချင်းထဲကလို “ နွယ်တစ်ပင် မျက်တစ်ပင်လို သံယောဇဉ်ကို အလွယ်တစ်ကူ
ဖြတ်နိုင်တဲ့သူ ” တစ်ယောက်ရဲ့ ဘ၀ ကိုပဲ ဆုတောင်းယူရ မလိုပဲနော်

အင်းလေ ..... သံဇောစဉ် တို့ စွဲလန်းမှုတို့ဆိုတာတွေကလဲ ပူလောင်စေတတ်တာပဲ
လူတွေမှာ ကိုယ့်ကိုကိုယ် လောင်မြိုက်စေမဲ့ အကြောင်းတွေကလဲ မွေးလာကတည်းက
တစ်ဖြည့်ဖြည်းနဲ့ များ ... များ ... လာတာကိုး .......
ရှင်သန်းခြင်းနဲ့အမျှ သေဆုံးခြင်းဘက်ကို ..... တစ်ဖြည်းဖြည်းဦးတည်လာနေပြီကော....

ဒါပေမဲ့လဲ ကျွန်တော်ဟာ ပိုးဖလန် တစ်ကောင် ပါ မီးတောက်ကိုပဲ ပျော်မွေ့ရာအဖြစ် ...
လိုက်ရှာနေပါတယ် ...
မီးတောက်ထဲမှာပဲ တောက်လောင်ခံချင်နေသေးပါတယ် .........
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ