Affichage des articles dont le libellé est အတွေးများ. Afficher tous les articles
Affichage des articles dont le libellé est အတွေးများ. Afficher tous les articles

jeudi 21 août 2008

တရားလို မှ တရား ခံ ဖြစ်သွားခြင်း

ဗုံးတစ်လုံးက ကျွန်တော့ကို ဖြတ်လျှောက်သွားတယ် ။
မြည်ဟီးသံ တစ်ခုနဲ့အတူ ကျွန်တော်တစ်စစီ ဖြစ်သွားတယ် ။
ကွဲအက်နေတဲ့ ကျွန်တော့ရဲ့ နှလုံးသားတစ်စုံက ....
ဖုတ်လှိုက် ဖုတ်လှိုက် နဲ့ပေါ့ ......

ဗုံးတစ်လုံးရဲ့ နာမည် ကို သေချာ ပြန်ကြည့်လိုက်မိတော့မှhttp://tintlwin18.googlepages.com/arg-arrow-deflates-heart-c-207x165-u.gif
“ ချစ်သူလို့ ” တံဆိပ်တပ်ထားတယ် .....

ကွဲသွားတာက ဗုံးမဟုတ်ပဲ ကျွန်တော်ဖြစ်နေပြီး ...
နင်းလျှောက်သွားတာက ဗုံးတစ်လုံးဖြစ်နေတာလေ .....
ဗုံးလေးကတော့ စနက်တံတောင် အရာမယွင်းဘူး ...
သေချာတာကတော့ ဟင်းလင်းပြင်ထဲမှာ ... ဘာမှရှိမနေခြင်းပါပဲ

mercredi 20 août 2008

“ လူလင်းနို့ ”

ကျွန်တော်ကြားဘူးတယ် ဟိုးတုန်းက ရှေးမြန်မာယောင်္ကျားတွေက
ပေါင်မှာထိုးကွန်း မင်ကြောင် ထိုးတဲ့အလေ့ရှိတယ် ..... အဲဒီခေတ်ကတော့
ထိုးကွန်းမပါတဲ့ယောင်္ကျားလေးဆိုရင် သတ္တိမရှိတဲ့လူလို့သက်မှတ်တာကိုး
အဲဒီတော့ ယောင်္ကျားတိုင်းနီးပါးက ထိုးကွန်းမှင်ကြောင် ပါတယ် .....
အလုပ်လုပ်ပြီဆိုရင်လဲ ခါးတောင်းကိုမြှောင်နေအောင်ကျိုက်လုပ်ကြတာကိုး
http://tintlwin18.googlepages.com/Crow_talks.gif
အဲဒီတုန်းက လူတစ်ယောက်က ထိုးကွန်းထိုးနေရင်းနဲ့ နာလာတော့
ပေါင်တစ်ဖတ်ကို ထိုးကွန်းထိုးပြီးတော့ နောက်တစ်ဖတ်ကို ဆက်မထိုးတော့ဘူး
အဲဒီလိုနဲ့သူကြီးလာတော့ လက္ဘက်ရည်ကြမ်းထိုင်သောက်တယ်ဆိုရင်
အသက်ကြီးတဲ့လူတွေနဲ့ထိုင်သောက်ရင် ထိုးကွင်းမှင်ကြောင်ပါတဲ့ ပေါင်ကိုလှန်ပြီး
ထိုင်သောက်တယ် ( တို့ခေတ်က ယောင်္ကျားတွေကမှ သတ္တိရှိတယ် ပေါ့လေ )
လူငယ်တွေနဲ့ထိုင်သောက်တယ်ဆိုရင် ထိုးကွင်းမပါတဲ့ဘက်ကို လှန်ပြီး ထိုင်တယ်
( ရှေးခေတ်လူတွေအယူသီးတယ် အလကားနေရင်း ကိုယ့်အသားကိုယ်အနာခံတယ် )
ဆိုတဲ့ပုံစံမျိုးလေ အဲလိုလူမျိုးတွေကို ပါတ်ဝန်းကျင်နဲ့သင့်မြတ်အောင်နေတယ်လို့ပဲ
ချီးကျူးရမလား ဒါမှမဟုတ် ကိုယ်ပိုင်ပုံစံပျောက်နေတယ်ပဲပြောရလား .......

ဘော်လုံး ကိုအားပေးကြတဲ့လူတွေမှာလဲ တွေ့နေရတာပဲ .... ချဲဆီးကလပ် ကို
ရုရှားက သူဌေး တစ်ယောက်ဝယ်လိုက်တော့ အင်အားတောင့်တင်းလာတဲ့
ချဲဆီး ဘော်လုံးကလပ် ” ကို ကြိုက်သွားကြတယ် ... အဲဒီအသင်းမှာ ကစားသမား
ဒဏ်ရာများလာပြီးအောင်မြင်မှုနည်း တော့ပိုင်ရှင်နဲ့ နည်းပြ ပြဿနာဖြစ်တယ်
စောစောက အားပေးတယ်ဆိုတဲ့ပရိတ်သက်ကလဲ နည်းပြကို အားပေးတာပါ
ကလပ်ကို မကြိုက်ပါဘူးဖြစ်သွားပြန်ရော ( ကျွန်တော်ပြောချင်တာက လူတစ်ချို့က
အောင်မြင်တဲ့ဘက်ကနေရပ်တည်ချင်တယ် ကျရှုံးတာကို မခံစားနိုင်ကြဘူး ကိုယ်
တိုင်က ဘာကို ကြိုက်တယ်ဆိုတာမဟုတ်ဘူး နိုင်တဲ့ဘက်ကနေပဲ ရပ်တည်ချင်တာ )

ရွာတစ်ရွာမှာ လူတစ်ယောက်ရှိတယ် ထန်းရည် ထွက်နေတဲ့အချိန်မှာ
ထန်းတက်နေတဲ့ ထန်းသမားကို “ ငါ့ကောင်းကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ” ပြောတယ်
ထန်းရည်မ ထွက်တော့တဲ့အချိန် ထန်းသမားထန်းပင်ပေါ်က ပြုတ်ကျတော့
တစ်ခြားလူတစ်ယောက်ကိုသွားပြောတယ် “ မင်းကောင်တော့ ထန်းပင်ပေါ်ကပြုတ်ကျ
သွားတယ် ” တဲ့ ကိုယ် က ပေးဆပ်ရတော့မဲ့အချိန်မှာတော့ကိုယ့်လူမဟုတ်တော့ဘူး ...

ငယ်ငယ်ကဖတ်ဘူးခဲ့တဲ့ပုံပြင်လေးကိုသဘောကျတယ် .... ငှက်တွေနဲ့ ကုန်းနေ သတ္တ၀ါတွေ
တိုက်ခိုက်ကြတယ် ငှက်တွေနိုင်တဲ့အချိန်ရောက်တော့ လင်းနို့ က ပျံလာတယ် အောင်ပွဲခံ
တယ်ပေါ့လေ သူ့မှာလဲ အတောင်ပါတာကိုး .... နောက်တစ်ကြိမ်တိုက်ပွဲဖြစ်တယ် ငှက်တွေ
ရှုံးသွားတယ် အဲဒီအချိန်မှာ လင်းနို့က ပါးစပ်က သွားကိုဖြဲပြတယ် ငှက်တွေမှာ သူ့လိုသွား
မပါဘူး သူငှက်မဟုတ်ဘူးပေါ့ လိုက်ပြီး ကုန်းနေသတ္တ၀ါတွေနဲ့အတူ အောင်ပွဲခံတယ် .....
နှစ်ကြိမ်လုံးမှာ အောင်ပွဲခံတာကို မြင်လို့ ပြောတဲ့လူက ပြောလာတော့ ဘယ်အစုအဖွဲ့ကမှ
သူ့ကိုလက်မခံပဲဝိုင်းပါယ်လိုက်တယ် အဲဒါကြောင့် လင်းနို့တွေက ညဘက်ကျမှ အပြင်ကို
ထွက်ရဲတဲ့ အနေအထားကို ရောက်သွားတယ်တဲ့ ..... ကျွန်တော်ပြောချင်တာက ပါတ်ဝန်း
ကျင်မှာ “ လူလင်းနို့ ” တွေ ရှိနေတယ်ဆိုတာပါပဲ ..... ။

mardi 5 août 2008

အွန်လိုင်း သန့်ရှင်းရေး မြူနီစပ္ပါယ်

IPB Image
တစ်ယောက်နဲ့တစ်ယောက် ခင်မင်ခွင့်ရတယ်ဆိုတာ .....
တစ်ကယ်ခင်ချင်တဲ့ ခင်တတ်တဲ့သူတွေအတွက်တော့ .....
တစ်ကယ်ကို မင်္ဂလာတစ်ပါးပါ ..... ထူးဆန်းတဲ့ အခွင့်အရေးပဲလေ ....
သန်းပေါင်း ခုနှစ်ထောင်ရှိတဲ့အထဲက ကိုယ်နဲ့ ရင်းရင်းနှီးနှီး .....
နှုတ်ဆက်ခွင့် ရတာ ဘယ်လောက်ပဲရှိပါသလဲ .....
ရင်းနှီးပြီးသားလူတောင်မှ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ရင် ....
နှုတ်ဆက်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲလဲ ....

ဒါပေမဲ့ အင်တာနက်ထဲမှာ တွေ့ကြပြီဆိုရင် မှန်တာကိုမပြောချင်ကြဘူး ....
“ သီအိုရီ ” တစ်ခုလိုကိုဖြစ်နေတယ် .... တစ်ကယ်ဝမ်းနဲဖို့ကောင်းတယ် .....
တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ခင်မင်တယ်ဆိုရင် အနဲဆုံး ....
စိတ်အဆာပြေအောင်တော့ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်တာပဲ ....
ကျွန်တော့အကြိုက်တော့ တစ်ဖက်က လွန်လာလို့ “ ဖေါင်း ” ဖြစ်လာတယ်ဆိုရင် ....
“ ဘလော့ ” လုပ်ပြစ်လိုက် ..... လိမ်ညာနေတာနဲ့စာရင်တော့ ကောင်းတယ် ....
အလကားနေရင်း အချိန်ကုန်ခံမနေနဲ့ပေါ့ ....
IPB Image
တစ်ယောက်နဲ့တစ်ယောက် ၀ါသနာတူတဲ့အကြောင်းလေးတွေ ပြောဆိုတိုင်ပင်လို့ရတယ် ....
တစ်ကယ်လို့ ကျွန်တော်တို့မှာ နှုတ်ဆက်ဖို့ လူမရှိတော့ဘူး ....
စကားပြောဘို့ အဖေါ်မရှိတော့ဘူးဆိုရင် ရူးများရူးသွား မလားတောင်မသိဘူး ...
အကျဉ်းကျနေတဲ့လူတွေ ကိုစာနာမိပါတယ် .....

ဒီလိုပဲလေ .... လူတွေက ကိုယ်မှာရနေတာကို တန်ဘိုးမထားတတ်ဘူး ....
မရှိသေးတဲ့အရာနောက်ကိုပဲလိုက်နေကြတာ .....
“ ကျန်းမာခြင်းရဲ့အရသာကို မကျန်းမာတဲ့အချိန်မှ သိတယ် ” ဆိုတာမျိုး ....
တစ်ကယ်ဆို ကိုယ့်မှာရှိပြီးသား ခင်မင်မှုကို ရင့်သန်လာအောင် ....
ပေါင်းသင် ရေလောင်း လုပ်မဲ့အစား ပျက်စီး အောင် ဘာကြောင့် လုပ်ချင်လဲ ....
ဘာကြောင့်တန်ဘိုးမထားတာလဲ ......

အခု လူတော်တော်များများရဲ့ ပြောစကားတွေက “ အွန်လိုင်းပေါ်မှာ လူလိမ်တွေချည်းပဲ ”
တစ်ကယ်မဖြစ်သင့်တဲ့ကိစ္စပါ ....

အင်းလေ ကိုယ်ကမှ “ အွန်လိုင်းသန့်ရှင်းရေး မြူနီစပ္ပါယ် ” မလုပ်နိုင်တာကိုး
ဒါပေမဲ့ ကျွန်တော့ပါတ်ဝန်းကျင်လေးကိုတော့ သန့်ရှင်အောင် အမြဲကြိုးစားထားပါတယ် ...

mardi 22 juillet 2008

နင်လားဟဲ့ ... လောကဓံ

IPB Image
လူတိုင်းလူတိုင်း အဆင်မပြေမှုများနှင့် ကြုံရနိုင်ပါသည် .....

ထိုအချိန်များတွင် အတွေး ၀င်ရောက်လာတတ်သည် ......
“ ငါ့မှာ အဆင်မပြေတာတွေနဲ့ကြုံတွေ့ရသည် ..... ငါကုသိုလ်ကံမကောင်းဘူး ”
အမှန်မှာတော့ အားလုံးတွင် သူ့အပူနှင့်သူရှိသည် .... လောကထဲတွင် ရှင်သန်နေသမျှ
လောကဓံတရား ( ၈ ) ပါး၏ အရိုက်အပုတ်ကို ခံကြရမည်သာဖြစ်ပါသည် .....
၁ ။ လာဘ =ပစ္စည်းဥစ္စာရခြင်း .... ........၂ ။ အလာဘ = ပစ္စည်းဥစ္စာမရခြင်း
၃ ။ ယသ = အခြွေအရံ ပေါများခြင်း ..... ၄ ။ အယသ = အခြွေအရံမရှိခြင်း
၅ ။ နိန္ဒာ = အကဲ့ရဲ့ခံရခြင်း .................. ၆ ။ ပသံသာ = အချီးအမွှမ်းခံရခြင်း
၇ ။ သုခံ = ချမ်းသာခြင်း ....................... ၈ ။ ဒုက္ခံ = ဆင်းရဲခြင်း
ထိုအထဲမှ လေးမျိုးကို ဒုက္ခ ဟုမထင် သုခ ဟုပင်ထင်နေသည် ။ အားလုံးသည်ပင် ....
ပူလောင်စေတတ်သောအရာများ ဖြစ်ကြသည် ။ ရရှိနေလျှင်လည်း ဆုံးရှုံးမှာကို
စိုးရိမ်နေရပြန်သည် ။ မရသေးလျှင်လည်း ရဘို့ကြိုးစားနေကြပြန်သည် ။
ထို့ကြောင့် သောက တစ်မျိုးမျိုး ခံစားရလျှင် သင်တစ်ယောက်ထဲ သာမဟုတ်ပါ
အားလုံးသင် ကဲ့သို့ တစ်ခုမဟုတ် တစ်ခု ခံစားနေရ သည် ကို တွေးလိုက်ပါ
သက်သာရာ ရသွားနိုင်ပါသည်

samedi 19 juillet 2008

ပုရွက်ဆိပ် တစ်ကောင်ရဲ့ လမ်းလေး

IPB Image
တစ်ခါတစ်ခါမှာ ရေလိုကျင့်နိုင်ရင်ကောင်းမယ် .... အရောင်လဲ မရှိ အနံ့မရှိ ပုံစံမရှိ ....
လေးထောင့်ထဲ ထားရင်လေးထောင့်လေး ..... အ၀ိုင်းလေးထဲမှာထားရင် အ၀ိုင်းလေး ...

ကိုယ်ကိုယ်တိုင်က PH7 အဆင့်မှာ ရှိနေမယ်ဆိုရင် ကိုယ်တိုင်ရပ်တည်လို့လဲရတယ်
ပေါင်းချင် သင်းချင်တဲ့သူတွေက အများကြီး .... နွားနို့ထဲမှာဝင်ပြီး နွားနို့ဟန်ဆောင်မလား
အရက်ထဲမှာဝင်ပြီး အရက်ပုံစံနဲ့ပဲခပ်တည်တည်နေမလား အေးဆေးပဲ ....

ဘယ်သူနဲ့ရောပြီးနေရင်ဘယ်လိုတန်ဘိုးတက်မယ်ဆိုတာကတော့ သိတယ် .....
ဒါပေမဲ့ခက်တာက ကိုယ်မနှစ်သက်တာနဲ့ ဘယ်လိုမှ မပေါင်းချင်တာ ....
ကိုယ့်ဘ၀ ခန်းခြောက်ချင်ခန်းခြောက်သွားပါစေ ...... မနှစ်သက်တဲ့ဘ၀နဲ့တော့
ခဏလေးတောင်မှအသက်မရှင်ချင်ဘူး ......

အဲဒါကို အတယ်လို့ပြောချင်ပြော မာန ကြီးတယ်ပြောချင်ပြော ထူတယ်ပြောချင်ပြော ....
ပြောကြစမ်းပါစေ ဟန်ဆောင်ပြီး ပြုံးတက်တဲ့ စာမေးပွဲက ကိုယ့်အမှတ်က ဿုံည ....

ငယ်ငယ်က ပုရွက်ဆိပ်လို ကြိုးစားခဲ့ပေမဲ့ ကြီးလာတဲ့အချိန်မှာတော့ ......
နှံကောင်တွေ ဘယ်လိုကြီးပွါးနေတယ်ဆိုတာ တွေ့ရတော့ မုဒိတာပွါးစရာပါပဲ .....

အဲဒီအချိန်မှကိုယ်သတိထားခဲ့မိတယ် ..... ကိုယ်ဟာသူတို့နဲ့စာရင်
ဟန်ဆောင်ခြင်း (လိမ်ညာခြင်းတစ်မျိုး ) မှာကိုယ်က သူတို့လောက်မှ မကြွမ်းကျင်တာကိုး ....
ကိုယ်သိတာအသိနောက်ကျသွားတယ်လို့လဲ နောင်တမရခဲ့ပါဘူး ...
ဘာလို့လဲဆိုတော့ ဒီလမ်းက ကိုယ်ကိုယ်တိုင် ကျေနပ်စွာ ရွေးချယ်ခဲ့တဲ့လမ်း လေးပါ ...
နောက်ဆုံးချေလှမ်းအထိ ပြုံးပြုံးလေး လျှောက်နေမှာပါ .....

မြန်မာ့ ... စုတ်ချက်

ကင်းပါတ်စပေါ်တွင် ..... စိတ်ကူးနှင့်ဆေးရောင်များကို ရောနှောပြီး .....
နိုင်
ငံခြားငွေများစွာရှာနိုင်စွမ်းရှိပါသည် ။ သို့သော် ....

ပညာရှင်တစ
်ယောက်ပြောသည့်စကားမှာ “ ဂေါက်သီးရိုက်တာ ပိုက်ဆံရှိတဲ့သူတွေမှရိုက်နိုင်တာဗျာ ဒါပေမဲ့ အဲဒီပစ္စည်းတွေက အားကစား ပစ္စည်းထဲမှာထည့်ထားတော့ အခွန်ငွေသိပ်မပေးရဘူး ကျွန်တော်တို့ ပန်းချီက ဇိမ်ခံပစ္စည်းထဲမှာဆိုတော့ အခွန်ငွေကများတယ်လေ အဲဒီတော့ ပေါပေါသီသီမသုံးနိုင်ဘူးပေါ့ မီးခဲပြာဖုံးလေးတွေ အများကြီးပဲ.... သူတို့မှာ ပစ္စည်းကရှားတော့ ဖြစ်သင့်သလောက်မဖြစ်လာဘူး ”

အနုပညာရှင်၏စိတ်ကူး + စုတ်ချက် =
ဒေါ်လာငွေ သို့သော် ထိုညီမျှခြင်းမှာ

လောလောဆယ်အခြေအနေအရ သိပ်မ မှန်နိုင်ပါ ။

ဆင်းရဲသားပေါများသောနိုင်ငံတွင် အနုပညာပစ္စည်းများ ဈေးကွက်ရှားပါမှု နှင့်
ကြုံတွေ့နေရသည်မှာ သိပ်တော့မဆန်း တစ်ခါတစ်ရံ နိုင်ငံခြား သံရုံးများမှ ဒေါ်လာငွေ ထိုက်သင့်စွာ ပေးပြီး ၀ယ်ယူသွားသည် များကို ကြားရသောအခါ မုဒိတာပွားမိသည် .....

အင်းလေ ... ဗင်းဆင့်ဗန်ဂိုး တောင်မှ ငတ်တလှည့်ပျက်တလှည့် အနွေးဓါတ်ရဘို့
သူ့ရဲ့ပုံကြမ်းရေးထားတဲ့စက္ကူတွေကို မီးလှုံခဲ့ရသေးတယ် ...... သူရူးလို့သက်မှတ်ခံခဲ့ရသေးတယ် ..... သေပြီးမှသာ သူ့လက်ရာတွေက ရွှေဖြစ်ခဲ့တာ .... အာလူးစားသူ တွေရဲ့ ပြုံးပြတဲ့မျက်နှာကိုသူမမြင်လိုက်ရဘူး ....
ကြယ်ကြွေညတွေရဲ့ သာယာမှုကို သူမသိလိုက် ဘူး ...

အင်းလေ ... လူသေသွားပေမဲ့နာမည် မသေတဲ့ လူ့ရတနာတွေပဲ .... စ်ချို့ဆိုရင် လူသာမသေသေးတယ် .... နာမည်ကပုတ်စော်နံနေပြီ ....












အလွမ်း .. အဆာမပြေဘူး

IPB Image

ငယ်ငယ်ကတည်းက စွဲလန်းခဲ့ရတဲ့ ချစ်သူလေး မင်းလေးမရှိတော့ပေမဲ့ ....
ကိုယ်ဘယ်လို့မှမေ့မရဘူး ......

သေသောသူကြာရင်မေ့လို့ဆိုပေမဲ့ ..... ကိုယ်လို အစွဲလန်းကြီးတဲ့လူတစ်ယောက်
ဘယ်လိုမေ့လို့ရမှာလဲ ....

ကိုယ့်ရဲ့နောက်ပါတ်ဝန်းကျင်အသစ်က မင်းလေး အကြောင်းကို မေ့စေချင်တာလေ
သူရှိနေလျှက်နဲ့ မင်းလေးကိုလွမ်းတဲ့ ကိုယ့်ကို အပြစ်တင် နေတယ် ......

မင်းလေးရဲ့ ဓါတ်ပုံလေးတွေကို မြင်သာထင်သာတဲ့နေရာမှာ ချိတ်ဆွဲမထားနိုင်တော့ပေမဲ့
ကိုယ့်ရဲ့နှလုံးသားထဲမှာတော့ မင်းလေးပုံကလွဲလို့ ...ဘယ်သူ့ကိုမှနေရာမပေးနိုင်ဘူး ...

မင်းလေးအကြောင်းကို သိတဲ့လူတိုင်းကတော့ မင်းလေးကိုလွမ်းနေတဲ့ကိုယ့်ကို ....
နားလည်ပေးကြပါတယ် သူတို့တောင်လွမ်းနေတာလေ .....

မင်းလေးလောက် ဘယ်သူ့ကိုမှချစ်လို့မရအောင် မင်းလေးကလဲ ချစ်ပြခဲ့တာကိုး ....
မင်းလေးရဲ့ အားလုံးအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ မေတ္တာတွေကလဲ ....
ဘယ်သူမှ မင်းလေးလောက် ( ဘယ်လိုမှ ဘယ်နေရာမှာမှ နှိုင်းယှဉ်လို့မရအောင် )
မပေးနိုင်ဘူးလေ ....

ကိုယ်ဟာ မင်းလေးရဲ့ကျေးဇူး မကင်းခဲ့ပါဘူး မင်းလေးပြောခဲ့တဲ့စကားတွေက .....
ကိုယ့်ရဲ့ဘ၀မှာ ခွန်အားတွေကိုဖြစ်စေခဲ့တယ်လေ ....

မင်းလေးရဲ့ အပြုအမှုတွေဟာလဲ တစ်ကယ်ကို ရှားပါးတဲ့ ချစ်စရာလေးတွေပါ .....

ဟုတ်တယ် .... အခုလို မိုးတွေရွာနေတဲ့ ဂျူလိုင်လထဲမှာပဲ မင်းကိုယ့်ကို နှုတ်ဆက်သွားတာနော် ...
ဒီမိုးစက်တွေကိုမြင်တိုင်း ဒီအချိန်လေးကိုရောက်တိုင်း မနေ့တစ်နေ့ကလို ....
ဟာတာတာနဲ့ လွမ်းနေတယ် ......

ဟိုတစ်ချိန်တုန်းကတော့ မင်းကိုအားရပါးရလွမ်းလိုက်ရလို့ .... အလွမ်းအဆာပြေသေးတာပေါ့
အခုတော့ မင်းကိုလွမ်းရတာတောင် တိတ်တခိုးလေးလွမ်းနေရတဲ့ ကိုယ့်မှာ .....
အလွမ်းအဆာမပြေပါလားကွယ် .....

ဟိုးတစ်ချိန်တုန်းကတော့ မင်းလေးအမှတ်တရ ကဗျာတွေစာတွေ ရွတ်ဆိုခဲ့သေးတယ်လေ .....
အခုတော့ ကိုယ် ....

jeudi 17 juillet 2008

အထီးကျန်မဆန်စေချင်ပါ

IPB Image
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခင်မင်မှုအပေါ်မှာမူတည်ပြီး .....

ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟနိုင်တယ် .... အဲဒီနေရာမှာ ....
တစ်ယောက်နဲ့တစ်ယောက် အဆုံးမဲ့ ပွင့်လင်းစွာ ဖွင့်ဟနိုင်ဘို့အတွက် .....
ချစ်သူတစ်ယောက်လိုလိမ့်မယ်.....
ခေါင်းထဲမှာ မလိုအပ်တာတွေကို ထည့်ထားရင် ဦးနှောက်ဟာ အမှိုက်ပုံးဖြစ်နေလို့ ....

ချစ်သူတစ်ယောက် လိုချင်တယ်ပြောလိုက်ရင် လူတိုင်းက ညစ်ညမ်းတဲ့အတွေး နဲ့ပဲ ...
တွေးလိုက်ကြတယ် .... တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမှုရဲ့ အနှစ်သာရဟာ ....
တော်တော်လေးကျယ်ဝန်းပါတယ် ..... ပါတ်ဝန်းကျင်မဲ့နေမယ်ဆိုရင် အထီးကျန်ဘ၀ ဟာ ...
ဘယ်လောက်ညီးငွေ့စရာကောင်းမလဲ ...... ပုံမှန်စကားပြောနေကျ လူတစ်ယောက် ...
တွေ့ရမဲ့အချိန်မှာ မတွေ့ရဘူးဆိုရင်တောင် ..... စိတ်အဆာမပြေချင်ဘူး ...
သူနေမကောင်းလို့လား အဆင်မပြေမှုတစ်ခုခုဖြစ်နေလို့လား ပေါ့ ......

တွေ့နေတဲ့အချိန်မှာတော့ တွေ့ဆုံရတဲ့ အရသာကိုမေ့တတ်ကြတယ် ...လူဆိုတာဒီလိုပါပဲ....
တွေ့တဲ့အချိန်တွေမှာ အနဲဆုံးမွန်းကြပ်မှုတွေ ပြေပျောက်စေချင်ပါတယ်....
အဲလိုမဟုတ်ပဲ သောကတွေ အမုန်းတွေ မကျေနပ်တာတွေ ထပ်တိုးလာမယ်ဆိုရင် ....
တစ်ခုခုတော့လွဲနေပြီပဲပြောရမယ် .... အဲဒီလိုမျိုးမဖြစ်စေချင်ပါဘူး .....

နားလည်မှုရှိတဲ့လူနဲ့တွေ့ရတာ ပြောရတာစိတ်ချမ်းသာပါတယ် .....
ခံစားမှုဟာလဲကူးစက်ပါတယ် ..... ကျွန်တော်ကတော့ ....
ကိုယ့်ကြောင့်မွန်းကြပ် တာတွေ ပြေပျောက်သွားတယ်ဆိုရင် ပျော်ပါတယ် ....

mercredi 16 juillet 2008

ပျောက်နေသော နံရိုးတစ်ချောင်းသို့

IPB Image
ကိုယ်ကြီးပြင်းခဲ့တဲ့ တောင်ပေါ် အကြောင်းကို ပြောပြမယ် .....
မင်းကြီးပြင်းခဲ့တဲ့ ပင်လယ် အကြောင်းကို ကိုလဲ နားထောင်ချင်တယ် ...

give & take ဆိုတာက ရှေးခေတ်က ဗာတာ စနစ် တစ်မျိုးပါ ....
မင်းဆီကမရလဲ ကိုယ်ပေးနိုင်ပါတယ် ( လိုအပ်မယ်ဆိုရင်ပေါ့ ) ...

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မယ် ....
နားလည်မှုက ခွင့်လွှတ်ခြင်းကို မွေးဖွားပေးတယ်လေ ....

တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်စွမ်းနိုင်မယ် .....
ဒါဆိုရင်ထိုက်သင့်တဲ့ ပြည့်စုံမှုတော့ ရှိလာမှာပဲ ...

တစ်ယောက်နဲ့တစ်ယောက် မယုံကြည်စရာဆိုလို့ ဘာမှမရှိဘူး .....
အထင်မြင်အလွဲမှားခံရရင် နေထိုင်ရ ခက်ခဲတယ် ....

သိမ်ငယ်တဲ့ အမြင်တွေမရှိဘူး .....
အတ္တကြီးမားလွန်းရင် အနီးဆုံးပါတ်ဝန်းကျင် ပူလောင်တယ် .....

ကိုယ့်မှာရှိသမျှတွေ မင်းပိုင်ဆိုင်နိုင်တယ် .......
မင်းမှာရှိသမျှကိုလဲ စားသုံးခွင့်ပေးပေါ့ .....

လောကကြီးရဲ့ နေနည်းထိုင်နည်း တစ်ချို့ကို ပြောပြမယ် .....
စိတ်ဝင်စားမယ်ဆိုရင်ပေါ့ .....

နေတတ်ရင်ရင် ကျေနပ်စရာကြီးပါ .....

mardi 15 juillet 2008

မှောက်နေတဲ့ လက်ကလေးဖြစ်ချင်တယ်

IPB Image

မှောက်နေတဲ့လက်ကလေးပုံနဲ့ လှန်နေတဲ့လက်ကလေးပုံကို ကြည့်ရင် ....
မှောက်နေတဲ့လက်ကလေးက ပိုလှတယ် ....

ဖြစ်တည်နေမယ်ဆိုရင် မှောက်နေတဲ့လက်ကလေး ဘ၀ ကိုတမ်းတ တယ် ....
လက်ဖြန့်ခံနေရတဲ့ လှန်နေတဲ့ ဘ၀မျိုးကို မလိုချင်ပါဘူး ....

ကျေးဇူးမတင်ချင်လို့( ကျေးဇူးမတင်တက်လို့ )တော့မဟုတ်ဘူး ဒါပေမဲ့ အတက်နိုင်ဆုံးတော့ ....
ဘယ်သူကိုမှ ကျေးဇူးတင် မနေချင်ဘူး .....

ရယူခဲ့ရမှုတွေအတွက်တော့ ကျေးဇူးတရားကို နားလည်ပါတယ် .....
ဒါပေမဲ့ ရယူဘို့အတွက် ကြိုးစားနေရတဲ့ ဘ၀ ကို ညည်းငွေ့တယ် ...

သူ့ကိုဖြည့်ရင်းနဲ့ ကိုယ်ပြည့်ရတာက ပိုပြီးအရသာတွေ့တယ် ....
ကိုယ့်လုပ်ဆောင်မှုအတွက် ပြုံးနေတဲ့ (ကျေနပ်နေမဲ့ ) မျက်နှာကို သဘောကျတယ် ....

အင်းလေ .... အနဲဆုံးတော့ ကိုယ်လုပ်တာကို ကိုယ်ကိုယ်တိုင် ကျေနပ်နေဖို့လိုလိမ့်မယ် ......

တောင့်တမှုများ

IPB Image
အမုန်းတွေမရှိ .... လက်နှက် အဆိပ်မရှိ .... ရက်စက်ခြင်းတွေမရှိ .....
ပူလောင်ခြင်းတွေမရှိ .... ကောက်ကျစ်မှုတွေ ကင်းမဲ့ ....
အထင်မှား အမြင်မှားတွေမရှိ ... ဖေးမကူညီမှုအပြည့် နွေးထွေးမှုတွေနဲ့ ...

ပျော့ညံ့တာကိုမကြိုက်ပေမဲ့ ..... နုညံ့မှုကိုတော့လိုချင်တယ် ....
ရက်စက်တာကို ရွံရှာစက်ဆုတ်ပေမဲ့ .... ရဲရင့်မှုတော့လိုသေးတယ် ....

စကားလုံးရှေ့နောက်လွဲတာနဲ့ အဓိပ္ပါယ်လွဲတဲ့ “ ကြင်နာ & နာကြင် ”
လိုရင်းကို ပြောင်းမသွားစေချင်ပါ .....

ဒါတွေက ကိုယ်တိုင်ကြိုးစားဘို့လိုသလို ပါတ်ဝန်းကျင်ရဲ့အထောက်အပံ့လဲလိုမယ်...
တစ်ယောက်ချင်းစီက တာဝန်ကျေနေရင်တော့ ဘယ်လောက်လှပနေမလဲ ....

ကိုယ်လိုတာကိုဖြည့်ပေးစေချင်ပေမဲ့ သူများလိုတာကို ဖြည့်ပေးဘို့ဝန်လေးနေသလား ...
ဒါဆိုရင်တော့လိုနေသေးတယ် ....

တစ်ဦးချင်းစီမှာ အစစအရာရာ သက်လုံကောင်းနေစေချင်ပါတယ် ....
ကိုယ်တိုင်က စပြီးကျိုးစားရမှာပဲ ....

ဖေါင်တိန် နှစ်တိန်နဲ့

IPB Image
ကိုယ်ပြန်မပေးနိုင်တာကို မတောင်းဆိုချင်ပါ .... ချစ်သူတစ်ယောက်ထံမှလိုချင်ပါသည် ။
သူ့ဘ၀ရဲ့ lion share ကိုပေါ့ ....

သြော် .... မင်းတို့ပြောတော့ white lie တဲ့လား ....
ငါသာလှေနံနှစ်ဖက်နင်းချင်နင်းမယ် .... နင်မနင်းရဘူး ...ဟုတ်လား ...

အင်းလေ .....“ မင်းတို့ဘက်မှာလဲ ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် ”...
ကိုယ်တို့ဘက်မှာလဲ ယောင်္ကျားကောင်းတော့ မောင်းမတစ်ထောင် ဆိုတာ မရှိတော့ဘူးလား ...
အင်း ... အဲလိုပြန်ပြောရင် ..... ကိုယ်ကဖေါက်ပြန်ရေးသမားကြီးကိုဖြစ်လို့ပေါ့ ......

ရည်းစားနှစ်ယောက် ထားတာကို မဖုန်းကွယ်နိုင်တဲ့အချိန်မှာ ...ဆင်ချေလေးကလဲသိပ်လှတယ်...
“ ကိုရယ် .... ကလေးတစ်ယောက်က မေမေနဲ့တွေ့ရင်မေမေကို အချစ်ဆုံးပြောပြီး ....
ဖေဖေနဲ့တွေ့ရင် ဖေဖေကိုအချစ်ဆုံးလို့ပြောတာ ကလေးမှာ အပြစ်ရှိလား ”

နားလည်ခွင့်လွှတ်ပေးတတ်သူကို တစ်ဖက်စောင်းနင်း အနိုင်ယူပြီး တရားတယ်လို့ .....
ဒါမှမဟုတ်ရင် ပါးနပ်တယ်လို့ ထင်နေတာလား ......

မင်းလေးသဘောအတိုင်းပါပဲ .... ဒါပေမဲ့ကွယ် ... အဆုံးအစ မရှိဘူးလို့ ထင်ရတဲ့ပင်လယ်တောင် ...
အနားသက် ကမ်းချေဆိုတာရှိတယ်နော် ...

ဘယ်ကိစ္စနဲ့ပါတ်သက်ပြီးမဆို မင်းလေးဝဋ်မလည်စေချင်ပါဘူး .....
အစစ်အမှန်တစ်ခု လွှဲချော်သွားနိုင်တဲ့ မင်းအတွက်တော့ စိတ်မကောင်းဘူး ....

ငှက်တွေလဲ အမြဲမပျံနိုင်ပါဘူး .... အင်းလေ မင်းလေး ဘယ်တော့မှ အတောင်မညောင်းစေချင်ပါဘူး ...
လေဟုန် စီးလို့ရနေတဲ့အချိန်မှာတော့ အတောင်တွေကို အပင်ပမ်းမခံနဲ့ဦး ....

မင်းလေးနားလည်နိုင်မဲ့တစ်ရက်ဟာ ကိုယ်တို့ နှစ်ယောက်အတွက် .....
မနှောင်းသေးတဲ့ အချိန်ဖြစ်စေချင်ပါတယ် ....

ကိုယ်ကြားဘူးတယ် “ ဆိုင်းကသာမစွန်တာ နှဲကြီးက နှစ်လက်နဲ့”
“ စာသာမရေးတက်တာ ဖေါင်တိန်က နှစ်တိန်နဲ့ ”

အင်းလေ ......

lundi 14 juillet 2008

စိတ်ကူး ပန်းခင်း

IPB Image
စားသောက်ဖွယ်ရာများကို တက်နိုင်သလောက် စီစဉ်ထားပါသည် ......

ကျွန်တော်ကြိုက်နှစ်သက်သော အစားအသောက်များဖြစ်ပါသည် ......
စားမိသော သူကို ဘေးဥပါဒ်မဖြစ်စေချင်ပါ ......
မနှစ်သက်လို့ အားမပေးဘူးဆိုလဲ ကျွန်တော် မတိုက်တွန်းပါ .....
သို့သော် ကျွန်တော် တက်နိုင်သလောက် ကြိုးစားထားပါသည် .....
အလှုရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြလိုသူများတွင် ..... တင့်လွင်မပါ ... ပါ ...
ထိုစားဖွယ်များကို ပါးစပ်နှင့်စား မရပါ .... မျက်စိနှင့် ၀ါးပြီး နှလုံးသားနှင့် အရသာခံပါ ....
ထိုအာရုံနှစ်ခု ချွတ်ယွင်းနေလျှင်တော့ ........

ကျွန်တော်ချို့တဲ့ပါသည် သို့သော် ရက်ရောပါသည် .....
ကျွန်တော် ချိုးချန်ပါသည် သို့သော် ကပ်စေး မနှဲ တတ်ပါ ....

မှန်အိမ်ထဲမှ သိန်းရာဂဏန်း တန်သော luck fish တစ်ကောင်မဖြစ်ချင်ပါ .....
ပင်လယ်ထဲမှ ရေဘ၀ဲတစ်ကောင် သည် ကျွန်တော်မဟုတ်ပါ .....
လင်းပိုင်တစ်ကောင် ဖြစ်အောင်တော့ ကျိုးစားကြည့်ချင်ပါသည် ....

ငြိမ်သက်စွာ ပေါက်ကွဲနေသော ဗုံးတစ်လုံးသည် ကျွန်တော်ဖြစ်နိုင်ပါသည် ....
သို့သော် မကောင်းသူထိပ် ကောင်းသူထိပ် မဖေါက်ခွဲတတ်ပါ ...

ဟီရိုရှီးမားဗုန်းကြောင့် ဒုတိယကမ္ဘာစစ် ပြီး ယုံနှင့် ထိုဗုန်းကို ကျေးဇူးမတင်ပါ ...
ထိုဗုန်းကြောင့် ခံစားခဲ့ရသူများကို ပေးဆပ်သင့်သည်ဟု မထင်ပါ ...

ဆိုဗီယက်ခေါင်းဆောင် ခရူးရှက် ဆွေးနွေးပွဲစားပွဲကို ရူးဖိနပ်နှင့်ထုသည်ကို ...
လူကြီးလူကောင်းမဆန်ဘူးလို့ မစွတ်စွဲလိုပါ ....

ဟစ်တလာ ရဲ့ “ လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ ” ဆိုတာကို ....
လုံးဝ ( လုံးဝ ) လက်သင့်မခံပါ ... ကျွန်တော် ဗုဒ္ဓဘာသာဖြစ်ပါသည် ....

အောက်စီဂျင်ကို ၀၀လင်လင် ရှုချင်ပါသည် .....
စားကောင်းသောက်ဖွယ် မဟုတ်သည့်တိုင် အဟာရပြည့်စွာ မှိဝဲလိုပါသည် ....
မျိုးစေ့ကောင်းကောင်း နှင့် စိုက်ပျိုးရန် မြေတစ်ကွက်လောက် လိုချင်ပါသည် ...

samedi 12 juillet 2008

လမ်းဆက်လျှောက်မယ် ....

IPB Image
တစ်ခါတစ်ခါမှာ .... ပြောချင်တာကို .... သူငယ်ချင်းတစ်ယောက်ဆီမှာပြောဘို့ ....
ကိုယ်က .... ထွက်မရတဲ့အခြေအနေမျိုးဖြစ်နေတတ်တယ် ....
သူက မအားလောက်တဲ့အချိန်မျိုး .... ကြုံချင်ကြုံမယ် ...

အဲဒီတော့ .... နောက်ဆုံးအပေါင်းအသင်းက .... ဘလော့ဖြစ် လာတယ် .....
အင်း .... အဲဒီမှာပိုဆိုးတော့တာပဲ .... သူနဲ့တွေ့ဘို့က ......
ကိုယ်လဲအားရမယ် .... လျှက်စစ်မီးလဲရှိနေရမယ် .....
သူကလဲလိုလိုချင်ချင်ရှိနေရမယ် (ကွန်နက်ရှင်ကောင်းနေရမယ်ပေါ့) .....
အဲလိုအခြေအနေမျိုးများရှိလို့ကတော့ ..... သူကသိပ်သဘောကောင်းတာ.....
ကိုယ်ပြောသမျှနားထောင်ပေးတယ် .... ကိုယ်ရိုက်သမျှသူခံတယ် .....
စိတ်ဆိုးတာစိတ်ကောက်တာလဲမလုပ်တတ်ဘူး .....
မင်းကိုပြောထားသမျှ ဘွာတေး ဆိုလဲ သိပ်သဘောထားကြီးတာ ....

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ..... ကိုယ်ကတော့လမ်းဆက်လျှောက်နေဦးမယ် ........

jeudi 10 juillet 2008

ပဒိုင်းသီးလား ..ပန်းသီးလား.

IPB Image
အပင်ပေါ်မှာ နီနီရဲရဲဖန်သီးလေးတွေချိတ်ထားသလားအောင့်မေ့ရတယ်.....

ကျီးအာသီးလေးတွေ .... လှလိုက်တာ..... စားလို့တော့မရဘူး ...


အပြင်မှာဆူးတွေနဲ့ အတွင်းသားရဲ့အနံ့အရသာကတော့ ကောင်းတယ် .....

ဒူးရင်းသီးလေးတွေ .......


အပြင်ကလဲ ဆူးတွေနဲ့ စားရင်လဲရူးမယ် ( ဆုပ်ဆူး စားရူး ) ... ပဒိုင်းသီး .....


ကြည့်လိုက်ရင်လဲ စားချင်စရာပါပဲ အရာသာနဲ့ နုညံ့မှုကလဲ ကောင်းတယ် ...
ပန်းသီးလေးတွေ ......

ကျွန်တော်တို့ပန်းသီးလေးတွေဖြစ်ဘို့ကျိုးစားကြရအောင် ။ ။
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ