Affichage des articles dont le libellé est အနုပညာ. Afficher tous les articles
Affichage des articles dont le libellé est အနုပညာ. Afficher tous les articles

dimanche 20 juillet 2008

ကြက်ဥ ပန်းပု အနုပညာ

တရုပ်လူမျိုးတွေဟာ အရှေ့ကမ္ဘာမှာတော့
အနုပညာ လက်ရာမှာ အဆင့်မြင့်တယ်လို့
ပြောလို့ရပါတယ်.....

အနုပညာကို ကြံဖန်ဖန်မြင်တတ် ခံစားတတ်
ဖန်တီးတတ်တာကတော့ တစ်ကယ် ချီးမွမ်းစရာပါ

ရေမြေ နီးစပ်နေတဲ့ ကျွန်တော်တို့ လူမျိုးတွေက
သူတို့ရဲ့ နည်းပညာကို မှိအောင်မလိုက်နိုင်တာ
ကတော့တစ်ကယ်ကို စိတ်မကောင်းစရာပါ .....

ူတို့လူမျိုးကပဲ သိုသိပ်လွန်းလို့လား ....
ကျွန်တော်တို့လူမျိုးကပဲ အတုမယူတတ်တာလား

စာပေ ဖတ်မှာဆိုလဲဒီလိုပါပဲ ကျွန်တော်တို့မှာ
တစ်ကယ့်ကို ကိုယ်ပိုင် ဂန္တ၀င်မြောက် စာပေက
အလွန်ကို ရှားရှားပါးပါး .....
မွေးစားထားတာလေးတွေ ရှိနေလို့တော်သေးတယ်

ကျွန်တော်စဉ်းစားကြည့်တယ် ကျွန်တော်တို့ရဲ့
ရှေးပညာရှိတွေရဲ့ အဆုံးအမ တွေရှိခဲ့တာပဲ
“ ပြု ” “ တု ” “ စု ” ဆိုတာ ရှိခဲ့ပေမဲ့ အားနည်းနေသေး
တာကိုတော့တွေ့နေရတာပါပဲ ......

ဒါမှမဟုတ်ရင် ကျွန်တော်တို့က နွားချေရာကွက်ကို
ပင်လယ်ထင်နေလို့လား .......

ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ လူသားရယ်လို့
ဖြစ်တည်လာကတည်းက နေထိုင်လာခဲ့တယ်ဆိုတဲ့
ကျွန်တော်တို့လူမျိုးဟာ ဖွံဖြိုးတိုးတက်မှုတွေ
ဘာကြောင့်နှေးကွေးနေတာလဲ .....

လူမျိုးတိုင်းမှာ သူတို့နဲ့ဆိုင်တဲ့ချစ်စရာ
ယဉ်ကျေးမှုလေးတွေ ရှိကြပါတယ် ....

ရှမ်းလူမျိုးတွေမှာလဲ သစ်သီးကို ပုံစံအမျိုးမျိုး
ဖေါ်ပြီး အရုပ်ကလေးတွေ ပန်းလေးတွေ
ပုံစံအမျိုးမျိုး ဖေါ်တဲ့ရိုးရာယဉ်ကျေးမှုလေးတွေ
သီတင်းကျွတ်မီးပုံပျံ လေးတွေကိုပုံစံ
အမျိုးမျိုးနဲ့ စိတ်ဝင်စားအောင်ဖန်တီး
နိုင်တာတွေဟာ တစ်ကယ်ကို ထိမ်းသိမ်းသင့်တဲ့
ဓလေ့ထုံးစံလေးတွေပါ

ပုဂံ မြို့ဟောင်းတို့ ရခိုင် ဘက်က မြောက်ဦး
မြို့ဟောင်းတို့ဘက်တွေမှာလဲ ရှေးဟောင်း
လက်ရာမွန်တွေ အများကြီး ရှိခဲ့တာပဲ ....


ဒါပေမဲ့ ကျွန်တော်တို့လူမျိုးကိုယ်တိုင်က
ယဉ်ကျေးမှုကို မခံစားတက်တာလား
ဒါမှမဟုတ် ယဉ်ကျေးမှုကို အားမပေးတာလား

ဒါပေမဲ့ ကျွန်တော်တို့လူမျိုးအများစု ပြောတဲ့စကား
“ မင်းဟာက ... စားရသောက်ရတာလဲမဟုတ်ပဲနဲ့
အလကား အလုပ်ရှုပ်ခံမနေပါနဲ့ ” ဆိုတာမျိုးကို
ကြားကြားနေရတာက တစ်ကယ်ကို တစ်ချို့နေရာတွေ
မှာမဖြစ်သင့်ဘူး .... ဟုတ်တယ် အများထုကြီးက ဆင်းရဲ
မွဲတေမှုကိုပဲ ကုစားနေရတယ် ခံစားမှုကို သိပ်ပြီး
ဦးစားမပေးနိုင်ဘူး ..... ထမင်းစားဘို့ကိုပဲ တော်တော်လေး
လုံးပန်းနေရတာကိုး .....

ကျွန်တော်သိသလောက်တော့ အာရပ်လူမျိုးထဲမှာ
အန္တရာယ်ကို အမြဲရင်ဆိုင်ဖြေရှင်းနေရပါတယ်ဆိုတဲ့
ဂျူး (အစ္စရေှး)တွေက အနုပညာမြောက်ပစ္စည်း ....
တွေကို ခံစားမှုနဲ့ ပိုင်ဆိုင် မှုက ထိပ်မှာရှိနေတယ်
ဆိုတာကို သိရတော့ ......

မနေ့တစ်နေ့ကမှနိုင်ငံတည်ထောင်တယ်လို့ပြောလို့ရတဲ့
ဂျူးတွေထက်ကမ္ဘာတည်စကတည်းက
နေလာပါတယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဘာလို့ ..... နောက်ကျန်နေခဲ့ရတာလဲ

ကျွန်တော်ပြောချင်တာက ကျွန်တော်တို့မှာပြစရာ
မရှိပါဘူးလို့ပြောတာမဟုတ်ပါဘူး ......
ကိုယ့်ယဉ်ကျေးမှုကို ကိုယ် ဂုဏ်မယူတတ်လို့
ပြောနေတာတော့မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့က
“ မျက်တောင်တစ်ဆုံးလောက်ကို ပဲ မကြည့်သင့်ဘူး ....
မျက်စိတစ်ဆုံးကိုတော့ ကြည့်သင့်တယ်လေ ... ”

အဲလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ....
အမြဲတမ်း နောက်ကနေပဲ ကျန်နေခဲ့မှာပဲ ....

အဲဒီတော့ သေချာတာကတော့ ကျွန်တော်တို့
ဒီထက်ပိုပြီးကြိုးစားကြရမယ် ........
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ