Affichage des articles dont le libellé est ဘာသာရေး. Afficher tous les articles
Affichage des articles dont le libellé est ဘာသာရေး. Afficher tous les articles

mardi 29 juillet 2008

အနေကဇာတိသံသာရံ

အနေကဇာတိသံဿာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ၊ ဂဟကာရံ ဂစေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပနံ
ဂဟကာကရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ ၊ သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ၀ိသင်္ခတံ ၊ ၀ိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ ။

ဇာတိ= ပဋိသန္ဓေနေရခြင်းသည်(၀ါ)ပဋိသန္ဓေနေရခြင်းသို့ ပုနပ္ပုနံ= အကြိမ်အကြိမ်အဖန်ဖန် ၊
ဥပဂန္တုံကပ်ရောက်ခြင်းငှာ ၊ ဒုက္ခာ= ဆင်းရဲလှ၏ ။ ဂဟကာရံ= အတ္တဘောတည်းဟူသော
ခန္ဓာအိမ်ကိုပြုပြင်
စီရင်တတ်သော တဏှာယောင်္ကျား လက်သမားကို
ဂဝေသန္တော= ဥာဏ်ဖြင့်ရှာမှီးတော်မူသော ၊
အဟံ= ငါဘုရားသည် ၊
အနေကဇာတိသံသာရံ= များသောအရေအတွက်ရှိသော သံသရာပတ်လုံး ၊ တံဗောဓိဥာဏံ= ထိုသဗ္ဗညုတဥာဏ်ကို ၊ အနိဗ္ဗိသံ= မရနိုင်သည် ၊ ဟုတွာ= ဖြစ်ရွေ့၊ သန္ဓာဝိဿံ= ကျင်လည်ရလေပြီ ၊ ဂဟကာရက= ဟဲ့တဏှာယောက်ျားလက်သမား ၊

ဥာဏံ= သဗ္ဗညုတဥာဏ်ကို ၊ မယာ= ငါဘုရားသည် ၊
ဒိဋ္ဌော= မြင်အပ်သည် ၊ အသိ= ဖြစ်ခဲ့၏ ။ တွံ= သင်တဏှာယောက်ျားလက်သမားသည် ၊
ပုန= နောက်ထပ်တစ်ဖန် ၊ မေ= ငါ၏ ၊ ဂေဟံ= အတ္တဘောတည်းဟူသောအိမ်ကို ၊
နကာဟသိ= မပြုရတော့လတံ္တ့ ၊ သဗ္ဗာ= ခပ်သိမ်းကုန်သော
တေ= သင်တဏှာယောက်ျားလက်သမား၏ ၊
ဖာသုကာ= ကိလေသာတည်းဟူသောအိမ်၏အခြင်တို့ကို ၊ ဘဂ္ဂါ= ချိုးဖဲ့ ဖျက်ဆီးအပ်ကုန်ပြီ ။

ဂဟကူဋံ= အ၀ိဇ္ဇာတည်းဟူသော အိမ်၏အထွတ်ကို ၊ ၀ိသင်္ခတံ= ဖျက်ဆီးအပ်ပြီ ၊ မေ= ငါ၏ ၊ စိတံ္တ= စိတ်သည် ၊ ၀ိသင်္ခါရဂတံ= သင်္ခါရတို့၏ကင်းရာနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့်ရောက်ပြီ အဟံ= ငါသည် ၊တဏှာနံ= တဏှာတို့၏ ၊
ခယံ= ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ၊ အဇ္ဈဂါ= ရတော်မူပြီ ။

mercredi 23 juillet 2008

မေတ္တာသုတ်

( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏ ။ အနုဘာဝတော ၊
အစွမ်းရှိန်စော်အာနုဘော်ကြောင့် ။ ယက္ခာ ၊ နတ်အများတို့သည် ။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို ။
နေ၀ ဒဿန္တိ ၊ မပြနိုင်ကြကုန် ။ ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင် ။ ရတ္တိန္ဒိဝံ ၊ နေ့ည မပျက် အခါခပ်သိမ်း ။ အတန္ဒိတော ၊ ပျင်းရိခြင်းမရှိဘဲ ။ အနုယုဉ္ဇန္တော ၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည် ။

( ၂ ) သုခံ ၊ ချမ်းချမ်းသာသာ ။ သုပတိ ၊ အိပ်စက်ရ၏ ။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော် ။ ကိဉ္စိ ၊ တစ်စုံ တစ်ခုသော ။ ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း ။ နပဿတိ ၊ မမြင်မက်ရ ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော ။ တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို ။ မယံ ၊ ငါတို့သည် ။ ဘဏာမ ၊ ရွတ်ကြကုန်စို့

( ၃ ) သန္တံ ၊ ငြိမ်သက်အေးချမ်းသော ။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍ ။ ( ၀ိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော ) အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည် ။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည် ။ အတ္ထိ ၊ ရှိ၏ ။ တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို ။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏ ။ သက္ကော စ ၊ စွမ်းနိုင်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဝစော စ ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။

( ၄ ) သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။

( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်ကုန်သော ။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟေန္တု ၊ ဖြစ်ကြပါစေကုန်သတည်း ။

( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ၀သန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊ သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည် ။ ဘ၀န္တု ၊ ဖြစ်ကြပါစေကုန်သတည်း ။

( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း ။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို ။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့် ။

( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည် ။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော ။ ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌ ။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ ။

( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏ ။

(၁၁ ) တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏ ။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော ။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ ။

( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ် နှင့် ။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ န ဧတိမရောက်ရတော့ပေ ။
( အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော် အရှင်ဝါသေဠာဘိဝံသ ၏ ပရိတ်ကြီးနိဿယသစ် မှ )

lundi 21 juillet 2008

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ

Thirty-Eight Blessings၁ ။ အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စ သေ၀နာ ၊ ပူဇာစပူဇနေယျာနံ ၊ ဧတံ မင်္ဂလမုတ္တမံ ။
1 . Not to associate with fools , to associate with the wise and to honour those
who are worthy of honour ; this is the highest blessing .
၃၈ -၁ ။ ဒုစရိုက်ပြုသူလူမိုက်နှင့်မပေါင်းသင်းခြင်း ။
၃၈ - ၂ ။ ဒုစရိုက် ရှောင်ကြဉ်သူ လူလိမ္မာ ပညာရှိနှင့် ပေါင်းသင်းခြင်း ။
၃၈ - ၃ ။ ရတနာသုံးဖြာ ဆရာ မိဘ စသော ပူဇော်ထိုက်သူကို ပူဇော်ခြင်း ။

၂ ။ ပတိရူပဒေသ ၀ါသောစ ၊ ပုဗ္ဗေ စ ကတပုညတာ ။
အတ္တသမ္မာပဏီဓိ စ ၊ ဧတံ မင်္ဂလမုတ္တမံ ။
2 . To reside in a suitable locality , to have done meritorious deeds in the past
and to set oneself in the right course ; this is the highest blessing .
၃၈ -၄ ။ ချမ်းသာကောင်းကျိုး ပွားးတိုးစေရန် သင့်တန်လျောက်ပတ်သောအရပ်၌ နေထိုင်ခြင်း ။
၃၈ - ၅ ။ ရှေးရှေးဘ၀၌ ဒါန စသော ကောင်းမှုတို့ကို ပြုစု စည်းပူးခဲ့ခြင်း ။
၃၈ - ၆ ။ မိမိ၏ ကိုယ်နှင့်စိတ်ကို အပြစ်ကင်းအောင် ကောင်းစွာထားခြင်း ။

၃ ။ ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ ၊ ၀ိနယောစ သုသိက္ခီတော ။
သုဘာသိတာ စ ယာ ၀ါစာ ၊ ဧတံ မင်္ဂလမုတ္တမံ ။
3 . vast learning , perfect handicraft , a highly trained discipline and pleasant
speech ; this is the highest blessing .
၃၈ - ၇ ။ အကြားအမြင် ဗဟုသုတ များခြင်း ။
၃၈ - ၈ ။ စက်မှုလက်မှု အတက်တစ်ခုခု တက်ကျွမ်းခြင်း ။
၃၈ - ၉ ။ လူမှုရေးကျင့်ဝတ်များ သင်ကြားထားခြင်း ။
၃၈ - ၁၀ ။ အပြစ်ကင်း၍ အကျိုးရှိသော စကားကို ပြောဆိုခြင်း ။

၎ ။ မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော ။
အနာကုလာ စ ကမ္မ န္ထာ ၊ ဧတံ မင်္ဂလမုတ္တမံ ။
4 . Supporting one ' s father and mother , cherishing wife and children and
a peaceful occupation ; this is the highest blessing .
၃၈ - ၁၁ ။ မိဘတို့ကို လုပ်ကျွေးပြုစုခြင်း ။
၃၈ - ၁၂/၁၃ ။ သား သမီး နှင့် ဇနီးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း ။
၃၈ - ၁၄ ။ အနှောက်အယှက် အရှုပ်အထွေး မရှိသောအလုပ်ကို လုပ်ခြင်း ။

၅ ။ ဒါနဉ္စ ဓမ္မစရိယာ စ ၊ ဥာတကာနဉ္စ သင်္ဂဟော ။
အန၀ဇ္ဇာနိ ကမ္မာနိ ၊ ဧတံ မင်္ဂလမုတ္တမံ ။
5 . Liberality , righteous conduct , the helping of relatives and blameless
actions , this is the highest blessing .
၃၈ - ၁၅ ။ စွန့်ကြဲပေးကမ်း လှုဒါန်းခြင်း။
၃၈ - ၁၆ ။ သုစရိုက်တရားများကို ကျင့်ခြင်း ။
၃၈ - ၁၇ ။ ဆွေမျိုးတို့ကိုထောက်ပံ့ခြင်း ။
၃၈ - ၁၈ ။ အပြစ်ကင်းသော အမှုတို့ကို ပြုခြင်း ။

၆ ။ အာရတီ ၀ိရတီပါပါ ၊ မဇ္ဇပါနာ စ သံယမော ။
အပ္ပမာဒေါ စ ဓမ္မေသု ၊ ဧတံ မင်္ဂလမုတ္တမံ ။
6 Cassing and abstaining from evil , abstention from intoxicating drinks
and diligence in virtue ; this is the highest blessing .
၃၈ - ၁၉ ။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်ခြင်း ။
၃၈ - ၂၀ ။ အရက်သေစာ မသောက်စားခြင်း ။
၃၈ -၂၁ ။ ကုသိုလ်တရားတို့ကို မမေ့ခြင်း ။

၇ ။ ဂါရဝေါ စ နိဝါတော စ ၊ သန္တုဋ္ဌိ စ ကတညုတာ ။
ကာလေန ဓမ္မဿဝနံ ၊ ဧတံ မင်္ဂလမုတ္တမံ ။
7 . Reverence , humility , contentment , gratitude and timely hearing of
the Dhamma ; this is the highest blessing .
၃၈ - ၂၂ ။ ရိုသေထိုက်သူကို ရိုသေခြင်း ။
၃၈ - ၂၃ ။ မိမိကိုယ်ကို နှိမ့်ချခြင်း ။
၃၈ - ၂၄ ။ တင်းတိမ်ရောင့်ရဲခြင်း ။
၃၈ - ၂၅ ။ သူတစ်ပါး၏ ကျေးဇူးကို သိခြင်း ။
၃၈ - ၂၆ ။ လျောက်ပတ်သောအခါ တရားနာခြင်း ။

၈ ။ ခန္တီ စ သောဝစဿတာ ၊ သမဏာနဉ္စ ဒဿနံ ။
ကာလေန ဓမ္မသာကစ္ဆာ ၊ ဧတံ မင်္ဂလမုတ္တမံ ။
8 . Forbearance , obedience , seeing Bhikkhus and religious discussions
at the right time ; this is the highest blessing .
၃၈ - ၂၇ ။ သည်းခံခြင်း ။
၃၈ - ၂၈ ။ ဆုံးမစကားကိုနာယူလွယ်ခြင်း ။
၃၈ - ၂၉ ။ ရဟန်းသံဃာ ကို ဖူးမျှော်ခြင်း ။
၃၈ - ၃၀ ။ သင့်လျော်သည့်အချိန်မှာ တရားဆွေးနွေးခြင်း ။

၉ ။ တပေါ စ ဗြဟ္မစရိယဉ္စ ၊ အရိယသစ္စာနဒဿနံ ။
နိဗ္ဗာနသစ္ဆိကြိယာ စ ၊ ဧတံ မင်္ဂလမုတ္တမံ ။
9 . Self-control , Holy Life , perception of the Noble Truths and the
realisation of Nibbans ; this is the highest blessing .
၃၈ - ၃၁ ။ ဣန္ဒြိယ သံဝရ စသော တပ အကျင့် ကို ကျင့်ခြင်း ။
၃၈ - ၃၂ ။ သစ္စာမြင်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကို ကျင့်ခြင်း ။
၃၈ - ၃၃ ။ အရိယ သစ္စာ လေးပါးကို သိမြင်ခြင်း ။
၃၈ - ၃၄ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ။

၁၀ ။ ဖုဋ္ဌဿ ၊ လောကဓမ္မေဟိ ၊ စိတ္တံ ယဿ နကမ္ပတိ ။
အသောကံ ၀ိရဇံ ခေမံ ၊ ဧတံ မင်္ဂလမုတ္တမံ ။
10 . If one ' s mind is sorrowless , stainless and secure ( in Nibbana )
and is not disturbed when touched by worldly vicissitudes ,
this is the highest blessing .
၃၈ - ၃၅ ။ လောကဓံတရားနှင့် တွေ့ကြုံရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း ။
၃၈ - ၃၆ ။ စိုးရိမ်ပူဆွေးမှု မရှိခြင်း ။
၃၈ - ၃၇ ။ ကိလေသာမြူမရှိခြင်း ။
၃၈ - ၃၈ ။ ကိလေသာ ဘေးရန် မရှိခြင်း ။

၁၁ ။ ဧတာဒိသာနိ ကတွာန ၊ သဗ္ဗတ္တ မပရာဇိတာ ။
သဗ္ဗတ္တ သောတ္တိံ ဂစ္ဆ န္တိ ၊ တံ တေသံ မင်္ဂလမုတ္တမံ ။
11 . Those who , thus acting , are everywhere unconquered , attain
happiness everywhere ; to them these are the highest blessing .
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ