Affichage des articles dont le libellé est ခံစားချက်များ. Afficher tous les articles
Affichage des articles dont le libellé est ခံစားချက်များ. Afficher tous les articles

lundi 11 août 2008

ချစ်တတ်စေချင်ပါသည်

IPB Image
လူတွေမှာတစ်ဦးနဲ့တစ်ဦး ပါတ်ဝန်းကျင် မျိုးရိုးဗီဇနဲ့ စရိုက်အမျိုးမျိုး ကွဲပြား
ခြားနားကြပါတယ် ။


ရုပ်သက် ကို ၃၆၅ ရက် ကြီးသွားတိုင်း တစ်နှစ်ကြီးသွားပြီလို့ ပြောနိုင်ပေမဲ့
စိတ်သက် ကိုတော့ အချိန်နဲ့မတိုင်းတာနိုင်ပါဘူး သူ့ရဲ့အသိဥာဏ် ဆင်ခြင် နိုင်မှု ပြုမူနေထိုင်ပုံတွေနဲ့ပဲ ကြည့်လို့ရပါတယ် ။ စိတ်သက်နဲ့ ရုပ်သက် မျှတစွာကြီးပြင်းခဲ့တဲ့လူတွေ ရှိသလို တစ်ခုခုက ပိုကြီး နေတာကိုလဲ တွေ့မြင် နေရမှာပါ ။ ရုပ်သက်က ကြီးနေပြီး စိတ်သက်က ငယ်နေရင်တော့ ကလေးဆန်တယ်လို့ ပြောရမလိုပဲ ။ အဲဒီလိုပဲရုပ်သက်ကငယ်နေပြီး စိတ်သက်ကကြီးနေရင်တော့ လူကြီးဆန်တယ် ပြောရမယ် ။ ဒါပေမဲ့ကျင်လည်ခဲ့ဘူးတဲ့ပါတ်ဝန်းကျင်တစ်ခုမှာ အသားကျပြီး ရင့်ကျက်နေပေမဲ့ ပါတ်ဝန်းကျင်အသစ်ရဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ရင့်ကျက်မှုနည်း နေနိုင်ပါတယ် ။

နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက်အတ္တမတူတာ ......
တစ်ချို့က အတ္တများတယ် ။ တစ်ချို့က အတ္တနည်းတယ် ...... အများစုက ရယူခြင်းအပေါ်မှာ သာယာတတ်ကြပေမဲ့ ..... ပေးဆပ်ရမယ်ဆိုရင် အရသာမတွေ့ကြဘူး .....

တစ်ကယ်တမ်း ကျွန်တော့အမြင်ပြောရရင်တော့ ချိုတဲ့အရ ကိုခံစားကြချင်တဲ့လူတွေကို
ခါးတဲ့အရသာရဲ့ စွဲမက်ဖွယ်လေးတွေလဲ လောကကြီးထဲမှာ ရှိနေတာကို သိစေချင်တာ

အဲဒီလိုပါပဲ အချစ်သက်တမ်း မှာလဲ ၃၆၅ ရက်ကြာသွားလို့ တစ်နှစ်ပြည့်သွားပြီ ဆိုပေမဲ့
သက်ရောက်မှုတွေက တစ်ယောက်နဲ့တစ်ယောက် ခံစားမှု တို့ သက်ရောက်မှုတို့က
တူနိုင်မှာမဟုတ်ပါဘူး .....
IPB Image
အရွယ်ရောက်စကတည်းက အတွေးနဲ့ ချစ်လာခဲ့ရတဲ့ချစ်သူတစ်ယောက်ကို
အပြင်မှာ တစ်ကယ် တွေ့လာပြီဆိုရင်တော့ တစ်ကယ်ကို ချစ်ပြချင်ပါတယ် ....

သတိပြုဖို့နဲ့ ဆင်ခြင်ဘို့က ကိုယ်ချစ်တဲ့ .... ချစ်သူရဲ့ အကျိုးကိုလိုလားတာလား ......
ကိုယ့်ရဲ့ ဖြစ်ချင်နေတဲ့ ဆန္ဒ ( ကိုယ့်ရဲ့ အတ္တ ) ကို ဖြည့်ဆည်းချင်တာလား ....
ချစ်တဲ့လူရဲ့ ဆန္ဒ ကို ဖြည့်ဆည်း ပြီး ကိုယ်တိုင်ကျေနပ်နေနိုင်တယ်ဆိုရင် ......
တစ်ကယ်ပျော်စရာကောင်းတဲ့ အချစ်တစ်စုံဖြစ်လာမှာ သေချာတယ် .......

vendredi 25 juillet 2008

အချစ်တဲ့လား

IPB Image
အမြဲတမ်း ကျန်းမာ ပျော်ရွှင်နေစေချင်တာ .......
နေလို့မကောင်းဘူး ဆိုတဲ့အချိန်မှာ ကိုယ်ဒေါက်တာတစ်ယောက်မဖြစ်ခဲ့တာကို စိတ်မကောင်းတာ ...
တွေ့နေကျ ( တစ်ကယ်တမ်းတော့ လူချင်းတွေ့တာမဟုတ်ပါဘူး ) အချိန်မှာ မျှော်နေတတ်တာ ....

ရသာချိုမြိန်တဲ့ အစားအသောက်ကို စားနေရတဲ့အချိန် မှာသတိရတတ်တာ ......

ထူးဆန်းတဲ့ ခံစားချက် ကို ခံစား နေတဲ့အချန်မှာ မျှဝေပေးချင်တာ ....
ပျော်စရာလေးတွေ ကြုံတိုင်း အနားမှာ ရှိနေစေချင်တာ ......

ခါးသည်းမှုတွေ ကို မတွေ့စေချင်တာ ....
နာကျင်မှုတွေကနေ ကင်းဝေးစေချင်တာ ....
ကျရှုံးမှုတွေ ကို မကြုံစေ ချင်တာ ......

ဘာကိုမှ မျှော်လင့်ချက်မပါပဲ .... ကိုယ်ကပေးချင်နေတာ ( ပေးနိုင်တဲ့ အပိုင်းပေါ့လေ )
အိပ်မက်ထဲမှာဖြစ်ဖြစ် တွေ့ခွင့်လေးကို မျှော်လင့်နေတတ်တာ ....
ကိုယ်ရဲ့ စကားလေးတစ်လုံးကို မင်းသဘောကျတယ်ဆိုတဲ့အချိန်မှာ ပျော်မိတာ .....

ဒီလောက်တောင်မှ ထူးဆန်းတဲ့ ဆုံတွေ့မှုမျိုးကို မမျှော်မှန်းမိတာ ....
နောင်မှာဘာတွေဖြစ်လာမလဲလို့ မသိပဲ ရင်ခုန်နေတတ်တာ ......
ဘယ်လိုပဲဖြစ်ဖြစ် ခွင့်လွတ်နေချင်တာ .......

samedi 19 juillet 2008

တစ်ကိုယ့် နှစ်စိတ်

IPB Image

ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ နှစ်ကိုယ့်တစ်စိတ်ယိမ်း ကိုသတိရတယ် ...
ဒါပေမဲ့အခုမင်းလေးကနေတာက တစ်ကိုယ့်နှစ်စိတ်ယိမ်း ....
မင်းလေးက အံ့သြစရာကောင်းလောက်အောင် ကျွမ်းကျင်တယ်နော် ...
တစ်ယောက်ဆီက ရယူခြင်းနဲ့ချစ်ပြပြီး တစ်ချိန်ထဲမှာပဲ .....
နောက်တစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ ချစ်ပြနိုင်တယ်နော် ....

မင်းလေးရဲ့ တတ်ထားတဲ့ အတတ်တွေက ဘယ်ကျောင်းမှာမှ ....
သင်ပေးတယ်ဆိုတာ မတွေ့ဘူးဘူး ......
မင်းလေးကတော့ တစ်ကယ့်ကို တစ်ဖက်ကမ်းခတ်လောက်အောင် တက်မြောက်ခဲ့ပြိပဲ...

အင်းလေ မင်းလေးဘ၀မှာ “ ထမင်းလဲကျွေးမယ် နင်းလဲပေးမယ် ” ဆိုတဲ့သူတွေက
ရိုက်သက်လို့တောင်မှ ကုန်နိုင်ပါဦးမလား .....

ကိုယ်တို့နှစ်ယောက်ရဲ့ အနာဂါတ်ကဘယ်မှာလဲ ......
တစ်ကယ်တော့ မင်းလေးက အမြင့်ပျံတဲ့ငှက်ရိုင်းလေးပဲ ....
အမြဲမြင်တွေ့ချင်နေတဲ့ ကိုယ်က လွှဲမှားစွာ စွဲလန်းမိတာ ဖြစ်မှာပါ .....

တစ်ကယ်ဆို ..... တစ်ကယ့်ဘ၀မှန်ကို ကိုယ်တိုင်က လက်မခံရဲတာ ....
ရေးရေးလေးမြင်နေတဲ့အနာဂါတ်ကို ဘ၀လို့ထင်မိတဲ့ ကိုယ်တိုင်ရဲ့ ရူးသွပ်မှုတွေကြောင့် ...
ဖြေသိမ့်ခံစားမှုတွေက .... ကိုယ့်ကိုကို လိမ်နေသလိုဖြစ်နေတာဖြစ်မယ် ....
တစ်ကယ်ဆို မင်းမရှိတဲ့ဘ၀ကို အစိမ်းလိုက် ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဘို့ ကိုယ်ကြိုးစားရမယ် ....

မှတ်ချက် ။ ။ ကျွန်တော်အလွန်ညံ့ပါသည် ......

jeudi 10 juillet 2008

လောကသစ်ပင်

IPB Image
တောင်စောင်းတစ်နေရာတွင်သစ်ပင်ကြီးကြီးတစ်ပင်ရှိပါသည် ......
ထိုအပင်ကိုကြည့်ပြီး...


ထင်းခုတ်သမား ။ ။ ဒီအပင်ကြီးကိုခုတ်ရောင်းရင်ငါငွေဘယ်လောက်ရမယ်....
ကဗျာဆရာ ။ ။ ဥသြ လေးတွေဘယ်လိုတွန်ကျူးတယ် .....
. . . . . . . . . ဘယ်လိုရွက်နုဝေတယ်ရေးရမယ်....

သမိုင်းဆရာ ။ ။ ပထမကမ္ဘာစစ်တုန်းက ဘယ်သူတွေဒီသစ်ပင်နားမှာ .....
. . . . . . . . .ဘယ်လိုစခန်းချသွားတယ်....

ပထ၀ီသမား ။ ။ ဒီအပင်က ဘယ်လိုမြေမျက်နှာပြင်မှာပေါက်တယ် ....
ရုက္ခဗေဒဆရာ ။ ။ ဒီအပင်က ဘယ်မျိုးစိတ်ထဲမှာပါတယ် .......

ဟုတ်တယ် .... ကိုယ်ခံစားတဲ့အမြင်ကနေ အမျိုးမျိုးကြည့်ပြီး ....
အသုံးဝင်ခြင်း /မ၀င်ခြင်း ....
ကိုလိုက်ပြီးတန်ဘိုး အနဲအများ ကွာသွားနိုင်ပါတယ် ....

ကျွန်တော်တင့်လွင် ပါ ..... သူငယ်ချင်းလဲကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ် .... ဒါက ....
တစ်ယောက်ခြင်းဆီရဲ့လွတ်လပ်တဲ့အခွင့်အရေးလေ .......

mercredi 9 juillet 2008

“ ချစ်လို့ ”

IPB Image

တစ်ခါတစ်ခါမှာ .....
ချစ်တတ်ခြင်းတွေကို စွန့်လွှတ် ..... ခါးသီးခြင်းတွေရဲ့ ... ဝေးရာမှာ .... အိပ်မက်ထဲကပန်းသီးလေးဟာ ...... အပြင်မှာဝယ်လို့ မရဘူး ....

မင်းနဲ့ငါရဲ့ ..... အနာဂါတ်အတွက် ....
ကီးဘုတ်ထဲမှာ အပေါင်းလက္ခဏာ .... ရှာမတွေ့ဘူး


ရှိရှိသမျှပိုင်ဆိုင်တဲ့ ချိုမြိန်မှုတွေကို ..... ပါဆယ်နဲ့ပို့လိုက်ချင်တယ် ....
မင်းရဲ့လိပ်စာကို ရှာမတွေ့ဘူး....

ပြောသမျှမင်းလေးနှုတ်ထွက်စကားအကုန်ကို ယုံနေချင်တယ် .....

ပုံပြင်ပြောပြိုင်ပွဲမှာ မင်းလေး ပထမ ရခဲ့တာကိုငါမသိဘူး ....

ဘယ်လိုဖြစ်ဖြစ်ပေါ့ .... ဒီစကားတွေကို ကိုယ်တိုင်ကြားခဲ့တာပါကွယ်
အဲဒါတွေကပုံပြင်တွေပါဆိုလဲ ..... ပုံပြင်ထဲမှာဇာတ်လိုက်ဖြစ်ခဲ့ရလို့ ၀မ်းသာနေသေးပါတယ် ...

မင်းဆီကနေ All or nothing ပဲလို့မတောင်းဆိုရက်ပါဘူး .....

မရနိုင်တာကိုပူဆာမိလို့ ငယ်ငယ်က မေမေဆုံးမတာကို တတ်မြောက်ခဲ့ပြီးပါပြီ ....


မင်းလေးရဲ့ပုံရိပ် အငွေ့အသက် ကနေ နောက်ဆုံး ခံစားနေရတဲ့အထိ .....

အောက်စီဂျင်နဲနဲလေးပဲပါပါ .... ရှုရှိုက်နေပါရစေ .......

ဟားဟားဟား .... ဘာလို့တောက်တဲ့ကပ်ကပ်နေတာလဲ ......

အဲဒီအကြောင်းကို အဓိပ္ပါယ်မဖွင့်တတ်ဘူး ..... အနီးစပ်ဆုံးဘာသာဗေဒက “ ချစ်လို့ ” ။ ။

ဗုန်းထက် ပြင်းထန်တဲ့မျက်ရည်

IPB Image
အပြာရောင်မျက်ရည်ကို... မြင်ဘူးချင်တယ်....
ဒါပေမဲ့ ကိုယ့်ကြောင့်တော့ ဘယ်မျက်ရည်မှ မကျစေချင်ပါဘူး ....

မျက်ရည်ကို .... ဗုန်းတစ်လုံးထက်ပိုကြောက်တယ် .....

မျက်ရည်အမျိုးအစားဘယ်နှစ်မျိုးရှိလဲ ...
ဝမ်းနည်းလို့ကျတဲ့မျက်ရည် .....
ဝမ်းသာလို့ကျတဲ့မျက်ရည် .....
ငယ်ငယ်က ထွက်တဲ့မျက်ရည်က ..... သန့်ရှင်းတယ် ....အဆိပ်မပါဘူး ....
အရွယ်ရောက်ပြီးမှကျတဲ့မျက်ရည်က ..... နှလုံးသားတွေအတွက် ...အန္တရာယ်များတယ်
မိန်းမသားတို့ လက်နှက်ဟာ မျက်ရည်စက်တဲ့ ...... ဖြစ်နိုင်ရင် ကိုယ်နှလုံးသားမှာ .....
မျက်ရည်ကိုခံနိုင်ရည်ရှိတဲ့ ဒိုင်းကာတပ်ထားချင်တယ် ......
ဒါပေမဲ့ ကံကောင်းခဲ့တယ် ..... အခုထိ အဲဒီ မျက်ရည်ဇုံစက်ကွင်းထဲကို မရောက်ခဲ့ဘူးသေးဘူး ....

lundi 7 juillet 2008

မတည်မြဲတာ ကိုကြောက်နေလို့


♥ချစ်သူလေးရေ.....
ဒီဘလော့ရေးဖြစ်တာကလဲ....မင်းလေးကြောင့်ပါပဲ.....အပြစ်တင်တာမဟုတ်ပါဘူး.....
မင်းလေးဆီကိုရေးခွင့်မရတော့ .... ရေးလို့ရတဲ့နေရာကနေ ကိုယ်ရေးတယ်ပေါ့ ......

♥မင်းလေးအထူးပြုလေ့လာသင်ယူတဲ့အထဲက .... ရေလိုပဲ ... မင်းလေးကလဲ...အမျိုးမျိုး...
ပြောင်းလဲတတ်တယ်နော်...အစ ပထမတုန်းကတော့ မင်းလေးကို ကိုယ့်ချစ်သူပါလို့
တွေနိုင် ကိုင်ပြနိုင်ခဲ့သေးတယ် .... အဲဒီအချိန်က ....မင်းလေးဟာ...ကိုယ့်ရဲ့နှလုံးသားထဲမှာ .....
အတုန်းအခဲဘ၀နဲ့ရှိနေခဲ့တာလေ ......အဲဒီအချိန်တွေကိုကိုယ်လွမ်းတယ်...
အခုတော့မီးပျက်နေတဲ့ကိုယ့်ရဲ့နှလုံးသားဟာ ....မင်းလေးကို အစိုင်အခဲအနေနဲ့.....
ဆက်ပြီးထိမ်းမထား နိုင်ဘူးလေ........မင်းလေးကို ထိတွေ့ခဲ့ဘူးတဲ့ ဒီလက်လေးတွေဟာ....
နောက်တစ်ကြိမ်....ထိတို့ခွင့်ရချင်မှရမယ်ဆိုတာ...မသိကြဘူး...
ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ .... ကိုယ်မတတ်နိုင်တာတော့အမှန်ပဲ ချစ်သူလေးရယ်.....

♥ဒါပေမဲ့ မင်းလေးဟာ ဆုပ်ကိုင်လို့မရတော့ပေမဲ့ ခုအချိန်မှာ အရည်ဘ၀နဲ့
ကိုယ့်ရဲ့နှလုံးသားထဲမှာ ရှိတော့ရှိနေသေးတယ်...ဒါပေမဲ့ကွယ် ....
အပြင်ကတိုက်ခတ်တဲ့လေနဲ့ ( မင်းလေးသူငယ်ချင်းမေမေ ကသူ့သမီးကို ဘာသာခြားယူချင်ယူ
အညာသားကိုတော့မယူနဲ့ .....ဆို) မင်းလေးတစ်နေ့တစ်ခြားအငွေ့ပျံနေတာကို....
ကိုယ်နှမျောစွာပဲ...စောင့်ကြည့်နေတယ် .......

♥မင်းလေးလုံးဝအငွေ့ဖြစ်သွားတဲ့အချိန်မှာ .... ကိုယ့်ရဲ့နှလုံးသားလေးဟာလဲ.... ခြောက်သွေ့စွာနဲ့....
ဘယ်လောက်ကြာကြာ ရှင်သန်နေဦးမှာလဲဆိုတာ..... ကိုယ်မတွေးချင်တော့ဘူး..... အင်းလေ မင်းလေးက ....
အခဲ အရည် အငွေ့ ဆိုပြီး ဘ၀သုံးမျိုးနဲ့ရှင်သန် နေနိုင်တာပဲ .....
ကိုယ့်မှာသာ .... မပြောင်းလဲနိုင်တဲ့ ရင်ခုံသံဟာ ..... ဖုတ်လှိုက်ဖုတ်လိုက်နဲ့ ..........။
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ